ရိုက်တာ အမှုမှာ တရားလို ထွက်ဆိုချက် ကွဲလွဲ

Image caption တရားခွင် မှာတော့ ရဲဝတ်စုံ ဝတ်ဆင် ထားကြောင်း တရားလို က ထွက်ဆို ခဲ့

ရိုက်တာ သတင်းဌာန က သတင်းထောက် ကိုဝလုံး နဲ့ ကိုကျော်စိုးဦး တို့ နှစ်ယောက်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တတိယ အကြိမ်မြောက် ရုံး ထုတ် ခဲ့ပေမယ့် သူတို့ ရဲ့ အာမခံ လျှောက်ထား မှု ကို တရားရုံး က ငြင်းပယ် လိုက်ပါ တယ်။

လျို့ဝှက် ဥပဒေ ဟာ အာမခံပေးလို့ မရတဲ့ အမှု ဖြစ်တာကြောင့် အာမခံ ငြင်းပယ် ခံရတာ ဖြစ်ကြောင်း သတင်းထောက် နှစ်ယောက် ရဲ့ အမှုကို လိုက်ပါ ဆောင်ရွက် ပေးတဲ့ ရှေ့နေ့ ဦးသန်းဇော်အောင်က ပြောပါတယ်။

ရိုက်တာ သတင်းထောက်တွေ အဖမ်းခံရပြီး ၁လခွဲကျော်အကြာ၊ ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှာ တရားလိုသက်သေ ကို စတင်စစ်ဆေးခဲ့ပြီး ထွက်ဆိုချက် ကွဲလွဲမှုတွေ ရှိနေခဲ့ပါတယ်။

သူတို့ကို ဖမ်းဆီး ခဲ့စဉ် အချိန်က ရဲတပ်ဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ဝတ်စုံ ဝတ်ဆင် ထားခြင်း မရှိဘဲ၊ အရပ်ဝတ် လူတစု က ဖမ်းဆီး ခဲ့တာ ဖြစ်ပြီး တရားခွင် မှာတော့ ရဲဝတ်စုံ ဝတ်ဆင် ထားကြောင်း တရားလို က ထွက်ဆို ခဲ့ကြောင်း ကိုဝလုံး က ပြောပါတယ်။

ဒါ့အပြင် သတင်းထောက် နှစ်ယောက်ကို ဖမ်းဆီး ခဲ့ရာမှာ ကိုယ်တိုင် ပါဝင်တယ်လို့ တရားလို ရဲတပ်ဖွဲ့ဝင် က တရားရုံးမှာ ထွက်ဆို ခဲ့ပေမယ့် တရားရုံးမှာ တွေ့ရှိရတဲ့ တပ်ဖွဲ့ဝင် ဟာ ဖမ်းဆီး ချိန်မှာ မပါဘူးလို့ ကိုဝလုံး က ပြော ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အများဆုံး ထောင်ဒဏ် ၁၄ နှစ် ထိ ချနိုင်

ကိုဝလုံး ခေါ် ကိုသက်ဦးမောင် နဲ့ ကိုကျော်စိုးဦး တို့ နှစ်ဦးဟာ ရခိုင် ပြည်နယ် ပဋိပက္ခ အကြောင်း ကို ရေးသားဖို့ သတင်း အချက်အလက် တွေ စုံစမ်း နေစဉ် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာ အစိုးရကတော့ သတင်း သမား နှစ်ယောက်ဟာ သတင်း အချက် အလက် တွေကို တရားမဝင် ရယူဖို့ ကြိုးစား ခဲ့တယ်ဆိုပြီး လျို့ဝှက် အက်ဥပဒေ ပုဒ်မ နဲ့ တရားစွဲ ဆို ထားတာ ဖြစ်ပါတယ်။

တရားရုံးမှာ စစ်ဆေး ကြားနာမှုတွေ လုပ်တဲ့ အခါမှာ သတင်းထောက် နှစ်ယောက် မှာ အပြစ် မရှိဘူး ဆိုတာ ထင်ရှား လာမယ်လို့ ယုံကြည် ရကြောင်း ရိုက်စ်တာ သတင်းဌာန က ကြေငြာချက် ထုတ်ပြန် ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုက်တာ သတင်းထောက် ၂ ဦးကို ရုံးထုတ်၊ ရမန်ထပ်ယူ

ဆက်စပ် အကြောင်းအရာများ