NLD အရင် စစ်အစိုးရတွေ အတိုင်း ဖိနှိပ်တယ်လို့ ယန်ဟီးလီပြော

ဓာတ်ပုံ မူပိုင် AFP/ Getty Images
Image caption မြန်မာနိုင်ငံ ၀င်ခွင့်ပိတ်ပင်ခံထားရတဲ့ ယန်ဟီးလီက ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့က ဒုက္ခသည် စခန်းတွေကို သွားခဲ့

ရခိုင် ပြည်နယ်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မြှုပ်နှံ ထားတဲ့ နေရာ ငါးနေရာထက် မနည်းကို ဘူးသီးတောင် မြို့နယ်၊ ဂူတာပြင် ရွာနားမှာ တွေ့ရတယ်လို့ အေပီ သတင်းဌာန က ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှု လက္ခဏာမျိုး ဖြစ်နေတယ်လို့ ဝေဖန် ပြောဆိုလိုက်ပြီး စုံစမ်းစစ်ဆေး ဖို့လည်း မြန်မာ အစိုးရကို တိုက်တွန်းလိုက် ပါ တယ်။

မြန်မာ နိုင်ငံကို ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့က ဒုက္ခသည် စခန်းတွေကို သွားရောက်အပြီး တောင်ကိုရီးယားမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

သူနဲ့ တွေ့ခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ယောက်က ရခိုင်ပြည်နယ်ကနေ ထွက်မပြေးခင် ရုပ်အလောင်း ၄၃၀ ကျော်ကို မြှုပ်နှံ ပေးခဲ့ရတယ်လို့ ပြောကြောင်း မစ္စယန်ဟီးလီက ပြောပါတယ်။

အသတ်ခံရတယ်၊ ပျောက်ဆုံးနေတယ်ဆိုသူတွေရဲ့ နာမည်စာရင်းတွေ အများကြီးကိုလည်း သူတို့ လက်ခံ ရရှိထားတယ်လို့ ဆိုပါတယ်။

ရခိုင် ဂူတာပြင်မှာ နောက်ထပ် ရုပ်အလောင်း အများအပြား တွေ့ရှိ

ရိုဟင်ဂျာတွေကို နှင်ထုတ်ဖို့ အိန္ဒိယအစိုးရ ကြိုးစားနေ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာစာအုပ်အကြောင်း သမိုင်းပညာရှင် ဒေါက်တာမြင့်သိန်းနဲ့ မေးမြန်း
ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာအစိုးရ ဘက်က ဒုက္ခသည် ပြန်လက်ခံမယ့် စခန်းသစ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာဘက်က ဒုက္ခသည် ပြန်လည် လက်ခံရေး ပြင်ဆင်မှု

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဝင်ခွင့်ပေးဖို့နဲ့ နိုင်ငံတကာ သတင်း မီဒီယာတွေကို ရခိုင်ပြည်နယ်ထဲ ဝင်ခွင့်ပေးဖို့လည်း မစ္စယန်ဟီးလီက တောင်းဆိုပါတယ်။

မြန်မာလုံခြုံရေး တပ်ဖွဲ့တွေဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ်မှာ သာမက တခြား တိုင်းရင်းသား လူနည်းစုတွေအပေါ်မှာလည်း အကြမ်းဖက်မှု ဖိနှိပ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် မစ္စ ယန်ဟီးလီက အရင် စစ်အစိုးရ လက်ထက်က ဖိနှိပ်တဲ့ အလေ့အကျင့်တွေကို ဒေါ်အောင်ဆန်း စုကြည်ရဲ့ အရပ်သား အစိုးရ လက်ထက်မှာ ဆက်ကျင့်သုံးနေတာ တွေ့ရလို့ စိတ်ပျက် မိတယ်လို့လည်း ဝေဖန် ပြောဆိုခဲ့ ပါတယ်။