လုံခြုံကောင်စီ ကိုယ်စားလှယ်အဖွဲ့ လာရမယ့် အချိန် မဟုတ်သေးလို့ မြန်မာတုံ့ပြန်

Image caption လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ကူဝိတ်ဖြစ်လာ

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကိုယ်စားလှယ် အဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ်ထဲထိ လာရောက် လေ့လာမှုတွေ အခုလထဲ ပြုလုပ်လို့ ရနိုင်မလား ဆိုပြီး အလွတ်သဘော မေးမြန်း လာတာကို အခု အချိန်မှာ ခရီးစဉ် မပြုလုပ်ဖို့ တုံ့ပြန် ပြောဆိုခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်က ဘီဘီစီကို ပြောပါတယ်။

လုံခြုံရေးကောင်စီ အဖွဲ့ကို လာရောက်ခွင့် ပြုရင် နိုင်ငံတကာ အမြင်မှာ တမျိုး ဖြစ်သွား နိုင်တယ်တဲ့ အတွက် အခုလို တုံ့ပြန်ရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။

ဒီလို တုံ့ပြန် ခဲ့ပေမယ့်လည်း မြန်မာနိုင်ငံ အနေနဲ့ လုံခြုံရေးကောင်စီနဲ့ကြား ပူးပေါင်း ဆောင်ရွက်တာတွေ မပြုလုပ်ဘူး ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် UN Photo
Image caption သံအမတ်ချင်း အလွတ်သဘော မေးမြန်းလာ

မြန်မာနိုင်ငံထဲမှာ ရှိတဲ့ ကုလသမအဂ္ဂ တာဝန်ရှိသူတွေနဲ့ နိုင်ငံခြား သံတမန်တွေကို အခုလထဲမှာပဲ ရခိုင်ပြည်နယ်ထဲကို ခေါ်သွားပြီး ဒုက္ခသည် ပြန်လည် လက်ခံရေး ကိစ္စတွေ ဆောင်ရွက် ထားပုံကို မြန်မာ အစိုးရက ပြသဖို့ ရှိနေတယ်လို့ ဦးဟောက်ဒိုစွန်းက ပြောပါတယ်။

အခုလမှာ ကူဝိတ် နိုင်ငံဟာ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာ တဲ့နောက် ကူဝိတ် သံအမတ် မန်ဆူး အိုင်ယတ် အယ်လ် အိုတိုင်ဘီက လုံခြုံရေး ကောင်စီ အဖွဲ့ အနေနဲ့ မြန်မာ ခရီးစဉ် ပြုလုပ်လိုကြောင်း မြန်မာဘက်ကို ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

Image caption ဒုက္ခသည်တွေ ပြန်မလာသေး

မစ္စတာ အယ်လ် အိုတိုင်ဘီကတော့ ခရီးစဉ် အခုလထဲ ဖြစ်မလာရင်တောင် မဝေးလှတဲ့ တချိန်ချိန်မှာ ဖြစ်လာနိုင်တယ် ဆိုပြီး ပြောဆို ခဲ့ပေမယ့် မြန်မာ ကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းကတော့ လုံခြုံရေးကောင်စီ အဖွဲ့အတွင်း မြန်မာနိုင်ငံကို သွားရောက် ကြည့်ရှုမယ့် ခရီးစဉ် ပြုလုပ် ရမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ရှိမထားဘူးလို့ ဆိုပါတယ်။