ကျောက်တော်မှာ မြစ်ကမ်းပါးပြို

Image caption အပေါက်၀ ကျေးရွာမှာ အိမ်တွေ ဆိုင်ခန်းတွေ အများ အပြား မြစ်ရေထဲ ပါသွားခဲ့

ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် အတွင်း ရုတ်တရက် ကုလားတန် မြစ်ကမ်းပါး ပြိုကျ သွားတဲ့ အတွက် အိမ်တွေ၊ ဈေးဆိုင်တွေ မြစ်ရေထဲ ပါသွားခဲ့ပြီး လူပေါင်း ရာနဲ့ ချီပြီး ဘေးလွတ်ရာ ရွှေ့ပြောင်း လိုက်ရပါတယ်။

ဒီလို ရုတ်တရက် ကမ်းပါး ပြိုကျမှုဟာ ဒီဒေသမှာ ပထမဆုံး အကြိမ် ဖြစ်ပျက် ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရင်က ပြိုကျတာတွေ ရှိခဲ့ပေမယ့် ခုလို ပေ ၃၀၀ နီးပါးခန့် ကုလားတန် မြစ်ကမ်းပါး ပြိုကျတာ မျိုးတော့ အရင်က မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အခုလို ကမ်းပါး ပြိုကျ သွားတဲ့ အတွက် ကျောက်တော် မြို့နယ် အပေါက်၀ ကျေးရွာမှာ အိမ်တွေ ဆိုင်ခန်းတွေ အများ အပြား မြစ်ရေထဲ ပါသွားခဲ့ တယ်လို့ အပေါက်၀ ကျေးစာတိုက်မှူး ဦမောင်လှရွှေက ပြောပါတယ်။

ကမ်းပါး ထပ်ပြိုမှာကို စိုးရိမ်ပြီး အိမ်ပေါင်းတွေ ဆိုင်ခန်း တွေကို ဖြိုဖျက်ပြီး ဘေးလွတ်ရာကို ရွှေ့နေ ရတယ်လို့ ပြောပါတယ်။ လူအသေ အပျောက် မရှိခဲ့ ပေမယ့်လည်း မြစ်ရေထဲ အိမ်ပါသွား သူတွေ ကိုတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်း ထားရတယ်လို့ သူကပြောပါတယ်။

ဈေးဆိုင်ခန်း ရေထဲ ပါသွားတဲ့ ရခိုင် အမျိုးသမီး တစ်ဦး ကလည်း သူမ ဆိုင်ခန်းနဲ့ တစ်တန်းတည်း သုံးခန်း၊ နောက်တစ်ဘက်က နှစ်ခန်း သုံးခန်း ရေထဲကို ပါသွား တယ်လို့ ပြောပါတယ်။

လောလောဆယ်တော့ ဒုက္ခရောက် သူတွေကို လူမှု ဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့က ကျပ်တစ်သိန်းနဲ့ ခမရ ၃၇၇ က ဆန် တစ်အိတ်စီ လာကူညီ ထားတယ်လို့ အပေါက်၀ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောဆိုသွားပါတယ်။