တမူး နန်းဖာလုံစျေးမီးလောင်ကျွမ်း

Image caption မီးကြွင်းမီးကျန်တွေကို ငြှိမ်းသတ်နေရ

အိန္ဒိယ - မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့နားမှာရှိတဲ့ အဓိက နယ်စပ်ဈေး ဖြစ်တဲ့ နန်းဖာလုံဈေးမှာ မီးလောင်လို့ ဆိုင်ခန်း ၁၀၀ နီးပါး မီးလောင်ကျွမ်းပြီး နယ်စပ်ဈေး ခဏ ပိတ်ထားရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်ည ၁ဝ နာရီဝန်းကျင်က နန်းဖာလုံဈေးနဲ့ တဆက်စပ်တည်းရှိတဲ့ ပစ္စည်းသိုလှောင်တဲ့ ဂိုဒေါင်ကနေ မီးစလောင်ခဲ့တာ မနက် ၃ နာရီမှ ငြှိမ်းသတ်နိုင်ခဲ့တဲ့အတွက် ဆိုင်ခန်းပေါင်း ၅၀ ကျော် လူနေအိမ် ၇ လုံးနဲ့ ဂိုဒေါင် စုစုပေါင်း ၁၀၀ နီးပါး မီးလောင် ပျက်စီးခဲ့ပါတယ်။

၈ ရက်နေ့ ညနေပိုင်းထိ မီးကြွင်းမီးကျန်တွေကို ငြှိမ်းသတ်နေရတာ ဖြစ်ပါတယ်။

မကွေး ကာရာအိုကေ မီး သေဆုံးသူ ၁၆ ဦးရှိ

နမ့်ဆန်နဲ့ လပွတ္တာ မီး ကယ်ဆယ်ရေး လုပ်ရ

လူ ၄ ထောင် ဝန်းကျင်ကို လန်ဒန် အာဏာပိုင်တွေ ရွှေ့ပြောင်း

မီးစလောင်တဲ့ ဂိုထောင်နားမှာ ဗျောက်အိုးတွေ မီးရှုးမီးပန်းတွေလှောင်ထားတဲ့ ဂိုထောင်ကို ကူးစက်ပြီး အကုန်ကူးစက် မြန်သွားတာလို့လည်း နန်းဖာလုံဈေး လုံခြုံရေးမှူး ဦးဟန်ဝင်းကျော်က ပြောပါတယ်။

မီးလောင်တဲ့နေရာကို တမူးမှာရှိတဲ့ မီးသတ်ကားနဲ့ အိန္ဒိယ မိုးရေးမှာ ရှိတဲ့မီးသတ်ကား ၁၀ စီးကျော် ဝိုင်းငြှိမ်းခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် တမူးမြို့ သတင်းနှင့်အတင်း
Image caption နေအိမ်တွေပါ လောင်ကျွမ်း

စစ်တွေမြို့ ရဲတပ်ရင်းရှေ့ ဆိုင်တန်း မီးလောင်

မောင်တောနား ပစ်ခတ်မှု ရွာမီးလောင်

ဖိလစ်ပိုင်ဈေးဝယ်စင်တာမီးလောင်၊ ၃၇ ယောက်သေဆုံး

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လန်ဒန်က ထပ်မြင့်အဆောက်အအုံ မီးလောင်

စားသုံးကုန်တွေရောင်းတဲ့ ဆိုင်ခန်း ၂ခန်း မီးထဲပါသွားတဲ့ ဈေးသည် ကိုကျော်ဆန်းလင်းက သယ်ထုတ်နေရင်း ၂ ဆိုင်လုံး မီးလောင်သွားတာမို့ လက်ကျန်ပစ္စည်း သိန်း ၁၅၀ ကျော်ဖိုး မီးထဲပါသွားတယ်လို့ဆိုပါတယ်။

ခု သက်ဆိုင်ရာက သိန်း တသောင်း ခုနစ်ထောင်ဝန်းကျင် မီးထဲပါသွားတယ်လို့ လတ်တလော ယာယီ တွက်ချက်ထားပေမယ့် တကယ်မှာ ဒီထက် များနိုင်သေးတယ်လို့ ဆိုပါတယ်။

နန်းဖာလုံဈေးဟာ အိန္ဒိယဘက်က ထွက်တဲ့ကုန်တွေနဲ့ မြန်မာပြည်ထွက်ကုန်တွေ တရုတ်ကလာတဲ့ ကုန်တွေ ဖလှယ်တဲ့ အဓိက နယ်စပ်ဈေးကြီး ဖြစ်ပါတယ်။

ဆိုင်ခန်းပေါင်း ၁ဝဝဝ နီးပါးရှိပြီး မြန်မာ-အိန္ဒိယ နယ်စပ်တလျှောက် ကုန်သွယ်ရေးစခန်း (၃) ခု အနက် အကြီးဆုံး အရောင်းအဝယ် ပြုလုပ်ရာနေရာဖြစ်လို့ လတ်တလော မီးလောင်မှုကြောင့် နယ်စပ်ကုန်သွယ်မှု မထိအောင် နဲ့ ဈေးသည်တွေ ထပ်မနစ်နာအောင် သက်ဆိုင်ရာက အမြန်ဆုံး စီစဉ်ပေးလိမ့်မယ်လို့ ဈေးသည်တွေ မျှော်လင့်နေကြပါတယ်။

နန်းဖာလုံဈေးကို နယ်စပ် တရားဝင်ဈေးအဖြစ် ၁၉၉၆ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ပြီး ဆိုင်ခန်းသိပ်များခင် ၁၉၉၇ ခုနှစ်မှာလည်း မီးလောင်ခဲ့လို့ ဈေးတဈေးလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ဖူးပါတယ်။