စိတ်ကျန်းမာရေး စောင့်ရှောက်မှု ဝန်နဲ့အား မျှရဲ့လား

စိတ်ကျန်းမာရေး
ဓာတ်ပုံ ပုံစာ,

ဆရာဝန် အယောက် ၃ဝ နဲ့ သူနာပြု အယောက် ၈ဝ ဝန်းကျင် အင်အားနဲ့ နေ့ ည တာဝန်တွေ ခွဲယူပြီး လည်ပတ် နေ

ရန်ကုန် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံမှာ မိသားစုနဲ့ အဆက်အသွယ် ပြတ်နေသူတွေ၊ မိသားစုက စွန့်ပစ်ထား ခံရသူတွေ လူနာပေါင်း ၆ဝဝ ဝန်းကျင်လောက် သောင်တင် နေရတယ်လို့ ဆေးရုံ တာဝန်ရှိသူတွေက ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မိသားစုက လာမခေါ်နိုင်သေးတဲ့ လူနာမျိုးတွေ ရှိသလို၊ လူနာရဲ့ ဝန်ထုပ်ဝန်ပိုးကို မခံ နိုင်တော့လို့ မိသားစုက လုံးဝ ခြေရာဖျောက် သွားတာ မျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကုတင် ၁၂ဝဝ ဆန့် ဆေးရုံလို့ သတ်မှတ် ထားပေမယ့် လူနာ ၁၆ဝဝ လောက်ထိ လက်ခံ ကုသပေးနေရတဲ့ အတွက်လည်း နှစ်ယောက် ခန်းမှာ လူနာ လေးယောက် ထားရတာမျိုးလို စီစဉ် ပေးနေရတယ်လို့ စိတ်ကျန်းမာရေး ပညာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ တင်ဦးက ပြောပါတယ်။

ရွာသာကြီး ဆေးရုံမှာ ဆရာဝန် အယောက် ၃ဝ နဲ့ သူနာပြု အယောက် ၈ဝ ဝန်းကျင် အင်အားနဲ့ နေ့ ည တာဝန်တွေ ခွဲယူပြီး လည်ပတ် နေတာ ဖြစ်ပါတယ်။

အသံဖိုင် ပုံစာ,

မလုံခြုံတဲ့ စိတ်ကျန်းမာရေး ချို့တဲ့နေသူ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ တင်ဆက်ထား

မြန်မာ တစ်နိုင်ငံလုံးကို ကြည့်ရင်လည်း စိတ်ကျန်းမာရေး သီးသန့် ကုသပေးတဲ့ ဆေးရုံ အနေနဲ့ ရန်ကုန်မှာ တစ်ခု၊ မန္တလေးမှာ တစ်ခုပဲ ရှိပါတယ်။

လူ ဦးရေ သန်း ၅ဝ ကျော်မှာ စိတ်ကျန်းမာရေး ဆရာဝန် အယောက် ၂ဝဝ ကျော်ပဲ ရှိတယ်လို့ ဆေးတက္ကသိုလ် ၁ က ပါမောက္ခ ဌာနမှူး ဒေါက်တာ တင်ဦးက ဆိုပါတယ်။

ဆေးတက္ကသိုလ်မှာ ဆေးကျောင်းသားတွေကို စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး လက်တွေ့ အပါအဝင် သင်ကြားမှုတွေ ပိုပြီး လုပ်ဆောင် ပေးသင့်တယ်လို့ ဒေါက်တာ တင်ဦးက ပြောပါတယ်။

စိတ်ပိုင်း
ဓာတ်ပုံ ပုံစာ,

စိတ်ပိုင်း ပြဿနာ ရှိသူတွေကို စောစောစီးစီး ကူညီနိုင်ဖို့လို

ဒါမှလည်း မိသားစု ဆရာဝန်၊ အထွေထွေ ရောဂါကု ဆရာဝန်တွေ အနေနဲ့ စိတ်ကျန်းမာရေးပိုင်း ဆိုင်ရာ ပြဿနာ ရှိသူတွေကို စောစောစီးစီး ကူညီနိုင်လိမ့်မယ်လို့ ဒေါက်တာ တင်ဦးက ဆိုပါတယ်။

တခါ၊ စိတ်ပိုင်း ပြဿနာ ရှိသူတွေကို အခြေအနေ မဆိုးခင် စောင့်ရှောက် ကုသမှုတွေ ပိုပြီး ပြုလုပ် နိုင်ဖို့ ဆိုရင် အများပြည်သူတွေ ကြားထဲမှာလည်း စိတ်ကျန်းမာရေးနဲ့ ဆိုင်တဲ့ ဗဟုသုတတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှိဖို့ လိုအပ်နေတယ်လို့ ဒေါက်တာ တင်ဦးက ပြောပါတယ်။