မူးယစ်ဆေး သုံးစွဲမှု ပြစ်ဒဏ်တွေ ပြင်ဆင်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့်ပြုတဲ့ နိုင်ငံတွေရှိ

ဆေးခြောက် ၁ဝဝ ဂရမ်အထက် (၆.၂၅ ကျပ်သား) ထက် ကျော်လွန် ကိုင်ဆောင် ထားမှပဲ မူးယစ်ဆေး ရောင်းချတဲ့ ပြစ်မှုမြောက်တယ် ဆိုတဲ့ ဥပဒေ အပါအဝင် မူးယစ်ဆေး လက်ဝယ်တွေ့တာ သုံးစွဲတာတွေနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်တွေ ပြောင်းလဲ ပြင်ဆင်ခဲ့ပါတယ်။

အရင်က ဆေးခြောက် ၂၅ ဂရမ်အထက် လက်ဝယ်တွေ့ရင် သုံးစွဲမှုနဲ့ ရောင်းဝယ်မှု ပြစ်မှုမြောက်တယ် ဆိုပေမယ့် အခုတော့ ၁ဝဝ ဂရမ်ကျော်မှပဲ ဒီဒဏ် (၂)ရပ်လုံးကျခံရမှာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများ ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေသစ်တရပ် ကို သမ္မတက လက်မှတ်နဲ့ အတည်ပြု ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြန်မာ မူးယစ်ဆေး တိုက်ဖျက်မှု တိုးတက်

မူးယစ်ဆေး စွဲသူတွေကို ထောင်ဒဏ် ချတော့မှာမဟုတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘာသာရေးပွဲမှာ ဆေးခြောက်ရှူသူ

မူလ ဥပဒေအရဆိုရင် မူးယစ်ဆေးသုံးစွဲသူတွေကို လက်ဝယ်သုံးစွဲမှု ရောင်းဝယ်မှု ပြစ်ဒဏ် (၂)ရပ်လုံးနဲ့ အရေးယူခဲ့တာ ဖြစ်ပါတယ်။

အခုဥပဒေမှာတော့ လက်ဝယ်တွေ့တဲ့ မူးယစ်ဆေးဝါး ပမာဏ အပေါ်ပဲ မူတည်ပြီး ရောင်းဝယ်မှု ပုဒ်မ ထပ်တပ်ဖို့ ပြဋ္ဌာန်းတာပါ။

ဥပဒေသစ်အရ ဆေးခြောက် ၁ဝဝ ဂရမ် အောက် လက်ဝယ်တွေ့ရင် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင် ၇ နှစ်အထိ ကျခံနိုင်ပြီး ၁ဝဝ ဂရမ် လက်ဝယ်တွေ့ရင်တော့ ဒီပုဒ်မ အပြင် ထောင်ဒဏ် ၁ဝ နှစ်ကနေ ၁၅ နှစ် အထိ ကျခံနိုင်တဲ့ ရောင်းဝယ်မှု ပုဒ်မပါ ထပ်တပ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးသုံးစွဲမှု သံသယနဲ့ အဖမ်းခံရတဲ့အခါမှာ ဆေးသုံးစွဲထားတယ်ဆိုတာကို သွေးထဲမှာ စစ်ဆေးတွေ့ရှိတယ်ဆိုရင် ထောင်ဒဏ် (၃)နှစ်အထိ ကျခံနိုင်တဲ့ ပုဒ်မကိုတော့ ဒီဥပဒေသစ်မှာ လုံးဝ ပယ်ဖျက် လိုက်ပါတယ်။

ဒါပေမယ့် ဆေးစွဲနေသူတွေ အပါအဝင် မည်သူမဆို မူးယစ်ဆေးဝါး လက်ဝယ်တွေ့မယ် ဆိုရင်တော့ အရင်လိုပဲ လက်ဝယ်တွေ့မှု ပုဒ်မတပ်ပြီး အဖမ်းခံရမှာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖိလစ်ပိုင်က မူးယစ်ဆေး တိုက်ဖျက်ရေး အရှိန်တက်လာ

နေပြည်တော်လေဆိပ်မှာ လက်နက်နဲ့ မူးယစ်ဆေးမိ

မူးယစ်ဆေးသုံးသူတွေကို ထောင်ဒဏ်အစား လူမှုရေး ပြစ်ဒဏ်ချမှတ်မယ်

ရွှေတြိဂံကနေ မူးယစ်ဆေး အမျိုးစားသစ်တွေ ထုတ်လုပ်နေ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိုင်စလန်က လူငယ်ပျိုးထောင်မှု
ဓာတ်ပုံ မူပိုင် Reuters
Image caption မူးယစ်ဆေး မီးရှို့ပွဲ

ဥပဒေသစ် မှာတော့ ဆေးခြောက် အပြင် ဆေးခြောက်အဆီ ၁ဝဝ ဂရမ်အထက်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၃ ဂရမ် အထက် ဆိုရင်လည်း လက်ဝယ်သုံးစွဲမှု ရောင်းဝယ်မှု ပြစ်မှု (၂)ရပ်လုံး ကျခံရမှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ မူးယစ်ဆေးစွဲနေလို့ ဆေးဝါး ကုသမှု ခံယူနေရတဲ့ အရေအတွက်ဟာ တနှစ်တနှစ် များလာနေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပေမယ့် ဘယ်လောက်ရှိတယ် ဆိုတဲ့ တိကျတဲ့ ကိန်းဂဏန်း အချက်အလက် ကိုတော့ မပြောနိုင်ဘူး လို့ မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖိလစ်ပိုင်က မူးယစ်ပြန်လည်ထူထောင်ရေးစခန်း

အခု ဥပဒေသစ်အရ ဆေးစွဲနေသူတွေကို လက်ဝယ် မူးယစ်ဆေးဝါး မတွေ့ရင် ပုဒ်မတပ် ဖမ်းဆီးတော့မှာ မဟုတ်ပဲ သူတို့အတွက် ဆေးဝါး ကုသမှုလို ကူညီ စောင့်ရှောက်မှုတွေ ပေးမယ်လို့ ဆိုပါတယ်။

ဒီအတိုင်းဆိုရင် ဆေးစွဲနေသူတွေဟာ ပမာဏ အနည်းအကျဉ်း ပဲဖြစ်ဖြစ် မူးယစ်ဆေးဝါးကိုင်ဆောင်ထားရင် လက်ဝယ်တွေ့ရှိမှု ပုဒ်မနဲ့ အရေးယူခံရ လာဖွယ် ရှိပါတယ်။