အစိုးရဌာန ၂၅ ခုရဲ့ သီးသန့်ထားတဲ့ ဘဏ္ဍာငွေ ဒေါ်လာ ၉ ဘီလီယံရှိ

ဓာတ်ပုံ မူပိုင် MYANMAR UNION PARLIAMENT FACEBOOK
Image caption ဒီငွေတွေကို ဘယ်လိုပြန်အသုံးချမလဲဆိုတာကို အစိုးရအနေနဲ့ အချိန်ယူ ဆွေးနွေးဖို့ လိုတယ်

အရင်မြန်မာအစိုးရ လက်ထက် ၂၀၁၂ ခုနှစ်ထဲက အစိုးရဌာနတချို့မှာ Other Account ဖွင့်လှစ်ကာ ဘဏ္ဍာငွေသီးသန့်ထားသုံးနေတဲ့ ငွေပမာဏဟာ ၂၀၁၇ ခုနှစ် မတ်လကုန် လက်ကျန် ငွေစာရင်းအရ အမေရိကန် ဒေါ်လာ ၉ ဘီလီယံအထိ ရှိနေပါတယ်။

၂၀၁၂ခုနှစ် အရင်အစိုးရလက်ထက် ဘဏ္ဍာရေးဝန်ကြီး ဌာနရဲ့ အမိန့်ကြော်ငြာစာနဲ့ အစိုးရ ဌာနတချို့က Other Accountတွေ ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေအနေနဲ့ ကိုယ့်ဘဏ္ဍာငွေပေါ်မှာ ကိုယ်ရပ်တည်ပြီး စီးပွားရေး ဆန်ဆန်ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ ဖြစ်လာဖို့ ပြုပြင် ပြောင်းလဲတဲ့ လုပ်ငန်းစဉ်တခုအနေနဲ့ Other Accountတွေဖွင့်ခဲ့တာလို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန်က ပြောပါတယ်။

နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေဆီက ဝင်ငွေရဲ့ ၄၀ ရာခိုင်နှုန်းကို အခွန်အဖြစ် နိုင်ငံတော် ဘဏ္ဍာထဲကို ထည့်သွင်းပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို Other Accountတွေအဖြစ် ဖွင့်ပြီးထားခဲ့တာလို့ သူက ပြောပါတယ်။

Other Accountဖွင့်ပြီး နိုင်ငံပိုင် စီးပွားရေး လုပ်နေတဲ့ဌာန ၂၅ ခု ရှိတယ်လို့ ဆိုပါတယ်။

ဒီငွေတွေကို ဘယ်လိုပြန်အသုံးချမလဲဆိုတာကို အစိုးရအနေနဲ့ အချိန်ယူ ဆွေးနွေးဖို့ လိုတယ်လို့ ဦးရည်မွန်က ပြောပါတယ်။

Other Accountထဲက ငွေတွေကို တိုင်းပြည်တခုလုံးရဲ့ ဘတ်ဂျတ်ထဲထည့်ဖို့ ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေး အတည်ပြုလိုက်ပါတယ်။

၂၀၁၂ မတိုင်ခင်ကာလနဲ့ ၂၀၁၂ နောက်ပိုင်း ကာလက ငွေတွေရော Other Accountထဲ ပါနေသလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ