ရခိုင်အရေး စစ်တပ်ခေါင်းဆောင်ပိုင်းကို အီးယူ ပိတ်ဆို့မယ်

Image caption ဘယ်သူတွေကို ပစ်မှတ်ထား အရေးယူမလဲ ဆိုတာ မစ္စမူဂီရီးနီး ထုတ်ပြန်မယ်

ရိုဟင်ဂျာ မွတ်ဆလင်တွေ အသတ်ဖြတ် ခံခဲ့ရမှု အတွက် မြန်မာ အစိုးရ စစ်တပ် ခေါင်းဆောင်ပိုင်း အပေါ် အရေးယူ ပိတ်ဆို့ ကန့်သတ်မှုတွေ လုပ်ဆောင်ရေး ပြင်ဆင်ကြဖို့ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ သဘောတူ လိုက်ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံပေါ် အီးယူဘက်က ထားရှိလက်စ လက်နက် တင်ပို့မှု ကန့်သတ် ထားတာကိုလည်း ပိုပြီး တင်းကျပ်မယ်လို့ ဆိုပါတယ်။

မြန်မာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေဟာ ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်ရေး ချိုးဖောက် တာတွေကို ဆိုးဆိုးရွားရွား ပြုမူ ခဲ့တယ်လို့ အီးယူက ယူဆ နေတာ ဖြစ်ပါတယ်။

ဘယ်သူတွေကို အီးယူနိုင်ငံတွေကို လာခွင့် ပိတ်မလဲ၊ ဘယ်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်မလဲ ဆိုတာတွေကို အီးယူအဖွဲ့ရဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ဖက်ဒရီးကား မူဂီရီးနီး ဘက်က ရေးဆွဲ ထုတ်ပြန်ပေးဖို့ အီးယူ နိုင်ငံခြားရေး ဝန်ကြီးတွေကို တောင်းဆိုပါတယ်။

Image caption လူတွေ သိန်ပေါင်းများစွာ ထွက်ပြေးခဲ့ရ

ပြီးခဲ့တဲ့နှစ် ဩဂုတ်လ အတွင်း မြန်မာနယ်ခြားစောင့် ကင်းစခန်းတွေ အတိုက်အခိုက် ခံခဲ့ ရပြီးတဲ့နောက် အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တုံ့ပြန် ကိုင်တွယ် ခဲ့တာမှာ ရိုဟင်ဂျာ အရပ်သားတွေပါ ပစ်မှတ်ထား ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ စွပ်စွဲ ဝေဖန်သံတွေ ပြင်းပြင်းထန်ထန် ရှိနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ လူ့အခွင့် အရေး လှုပ်ရှားသူတွေဟာ မြန်မာနိုင်ငံ အစိုးရရဲ့ အသံကို လစ်လျူရှုပြီး ရခိုင်အရေး ဟောပြောရာမှာ တရားမျှတမှုမရှိဘူးလို့ ရခိုင် အရေးကိုင်တွယ် နေတဲ့ ယူနီယံ အင်တာပရိုက်စ် UEHRD အစိုးရ အဖွဲ့က ထိပ်တန်း ခေါင်းဆောင် ဒေါက်တာအောင်ထွန်း သက်က အစောပိုင်းတုန်းကပဲ ပြောခဲ့ပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ပြုလုပ်တဲ့ အစည်းအဝေး တစ်ခုကို ရည်ညွှန်းရင်း ဒေါက်တာအောင်ထွန်း သက်က ရန်ကုန်မှာ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

Image caption အစိုးရဘက်က တုံ့ပြန် ပြောဆိုလိုတာတွေ ရှိနေတယ်

"မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု" ဆိုတဲ့ခေါင်းစဉ်နဲ့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ ဘာလင်မြို့မှာ ကျင်းပတဲ့ပွဲမှာ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ လာတက်ဖို့ အစတုန်းက လက်ခံခဲ့ပြီးမှ နောက်ပိုင်း ပယ်ချ ခဲ့တဲ့ ဖြစ်ရပ် အပေါ် ဒေါက်တာ အောင်ထွန်းသက်က ပြစ်တင် ဝေဖန် တာ ဖြစ်ပါတယ်။

ရခိုင်အကြပ်အတည်းမှာ မွတ်ဆလင်တွေ အပေါ် ကျူးလွန်တာတွေဟာ လူမျိုးတုန်း သတ်ဖြတ်တဲ့ အဆင့်ထိ ပုံဖေါ် ပြောဆိုနေကြတာကို မြန်မာ အစိုးရဘက်က တုံ့ပြန် ပြောဆိုလိုတာတွေ ရှိနေတယ်လို့ ဒေါက်တာ အောင်ထွန်းသက်က ဆိုပါတယ်။

ဒါပေမယ့်လည်း ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာ အစိုးရက အဝင်မခံတာ အပါအဝင် ဒုက္ခသည် ပြန်လည် လက်ခံရေး တကယ်တမ်း စတင် မလာ နိုင်တာတွေကို နိုင်ငံတကာက ထောက်ပြ ဝေဖန် နေကြတာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ