တောင်နဲ့မြောက် ကိုရီးယား ခေါင်းဆောင်နှစ်ဦး လာမယ့်လ တွေ့မယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption တောင်ကိုရီးယား ကိုယ်စားလှယ်တွေနဲ့ ကင်မ် ဂျုန်အွန်း တွေ့ဆုံစဉ်

တောင်နဲ့ မြောက် ကိုးရီးယား နှစ်နိုင်ငံကြား ခံတပ်တွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ နယ်စပ်မှာ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ လာမယ့်လ ကျရင် တွေ့ဆုံဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုန်အွန်း က သဘောတူလိုက်ပြီလို့ တောင်ကိုရီးယားက ပြောပါတယ်။

ဒါဟာ တောင်နဲ့ မြောက် နှစ်နိုင်ငံခေါင်းဆောင်တွေအကြား ဆယ်စုနှစ် တခုကျော်အတွင်း ပထမဆုံး အကြိမ် တွေ့ဆုံမှု ဖြစ်ပါလိမ့်မယ်။

ပြုံယမ်းမြို့တော်ကနေ အခုပဲ ပြန်ရောက်လာတဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်တွေနဲ့ ကင်မ် ဂျုန်အွန်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့စဉ်အတွင်း အခုလို ထိပ်သီး ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဖို့ စီစဉ်ခဲ့တာပါ။

တောင်ကိုရီးယား ကိုယ်စားလှယ်တွေနဲ့ ကင်မ်ဂျုံ-အွန်း တွေ့

မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့လည်း တွေ့ဆုံဖို့ စိတ်ဆန္ဒရှိနေပြီး ဆွေးနွေးပွဲ ကျင်းပနေစဉ်အတွင်း နျူကလီးယားနဲ့ မစ်ဆိုင်းဒုံး စမ်းသပ်မှုတွေကို ဆိုင်းငံ့ထားမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ