ဒေါက်တာအေးမောင်ကို လေးကြိမ်မြောက်ရုံးထုတ်စစ်ဆေး

ဓာတ်ပုံ မူပိုင် NArinjara
Image caption ဒေါက်တာအေးမောင်ကို လေးကြိမ်မြောက်ရုံးထုတ်စစ်ဆေးစဉ်

နိုင်ငံတော် ပုန်ကန်မှု အပါအဝင် အမှု သုံးခုနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကိုမတ်လ ၇ ရက်နေ့က စစ်တွေခရိုင် တရားရုံးမှာ လေးကြိမ်မြောက်ရုံးထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ တတိယအပတ်ကနေ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ ကို ဖမ်းဆီးခဲ့ပြီး ဒီကနေ့ ဆိုရင် လေးကြိမ်မြောက် ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်သစ္စာဖောက်မှု ရာဇသတ်ကြီးပုဒ် မ ၅၀၅ ခ မတရားအသင်း ၇၁ (၁) နဲ့ စွဲထားတာဖြစ်ပြီး မတ်လ ၇ ရက်နေ့က တရားလိုဘက်က ရသေ့တောင် မြို့မရဲစခန်းမှူးကို စစ်ဆေးမှုလုပ်ခဲ့တယ် လို့ ရှေ့နေ ဦးအောင်ကျော်စိန်က ပြောပါတယ်။

ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ ကို စစ်တွေခရိုင်တ ရားရုံးမှာ နံနက် ၁၀နာရီခန့်မှာ ရဲအစောင့်အရှောက်တွေ ထူထပ်စွာနဲ့ ရုံးထုတ်လာခဲ့တာ ဖြစ်ပါတယ်။ လာအားပေးတဲ့ သူ့ရဲ့ ဆွေမျိုးမိတ်ဆွေတွေနဲ့ ဒေသခံအချို့လည်း တရားရုံးပရဝဏ်ကို လာရောက်ခဲ့တာတွေ့ရပါတယ်။

နိုင်ငံတော်ပုန်ကုန်မှာ ဆိုင်ရာ ဥပဒေပြဌာန်းချက်မှာ ပြည်ထောင်စု (သို့မဟုတ် ) အစိတ်အပိုင်းတခုကို စစ်မက်ပြိုင်တာ အားပေးကူညီပြီး အားထုတ်မှုတွေရှိမှ ဒါမှမဟုတ် တခုခုကျူးလွန်မှပဲ နိုင်ငံတော်ပုန်ကန်မှုနဲ့ ငြိစွန်းမှုရှိတာဖြစ်တယ်လို့ ရှေ့နေဦးအောင်ကျော်စိန်က ပြောပါတယ်။

လာမယ့် မတ်လ ၁၄ ရက်နေ့မှာတော့ စစ်တွေ ခရိုင်တရားရုံးမှာ ရော မြို့နယ် တရားရုံးမှာပါ ငါးကြိမ်မြောက် စစ်ဆေးသွားမယ်လို့ သိရှိရပါတယ် ။