ဘင်္ဂလားဒေ့ရှ်က ရခိုင်နဲ့ မြိုလူမျိုးများ မြန်မာဘက် ခိုလှုံ

ဓာတ်ပုံ မူပိုင် NARINJARA
Image caption လုံခြုံရေးနဲ့ စားဝတ်နေရေး အခက်အခဲကြောင့် မြန်မာပြည် မောင်တောမြို့နယ်ထဲကို ထွက်ပြေးခိုလှုံလာ

မြန်မာနယ်စပ်နဲ့ကပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုင် ခရိုင်မှာ ရှိတဲ့ ကျေးရွာတွေက ရခိုင် မျိုးနွယ်စုဝင်တွေဟာ လုံခြုံရေးနဲ့ စားဝတ်နေရေး အခက်အခဲကြောင့် မြန်မာပြည် မောင်တောမြို့နယ်ထဲကို ထွက်ပြေးခိုလှုံလာတာ လူ ၃၀၀ နီးပါးရှိလာနေပါတယ်။

ထွက်ပြေးလာတဲ့လူတွေဟာ ရခိုင်၊ မြိုလူမျိုးတွေ ဖြစ်ကြပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလို့ ဆိုပါတယ်။

သူတို့တွေဟာ လူဝင်မှုကြီးကြပ်ရေးက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အတိုင်းနေရမှာ ဖြစ်ပြီး လဝကက ခွင့်ပြုချက် (Immigration Permit) ထုတ်ပေးထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

ဝင်ရောက်လာတဲ့သူတွေကို ရခိုင်လူမှုရေးအဖွဲ့အစည်းတွေနဲ့ ကြက်ခြေနီ အဖွဲ့တွေက လိုအပ်တဲ့အကူအညီတွေ ထောက်ပံ့ပေးနေတယ်လို့ သူက ဆိုပါတယ်။

နောက်ထပ် ဝင်ရောက်လာတဲ့သူတွေ များလာနိုင်တယ်လို့လည်း နယ်စပ်မှာ နေထိုင်တဲ့ ကျေးရွာလူကြီးတွေက ခန့်မှန်းနေပါတယ်။

ဆက်စပ် အကြောင်းအရာများ