နိုင်ငံ့ အရေး သြစတြေးလျ ရောက် မြန်မာတွေ နဲ့ ဆွေးနွေး

ဓာတ်ပုံ မူပိုင် State Counsellor Office
Image caption မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ရဖို့ အတွက် က ပါတီ ရဲ့ မူဒါဝ ဖြစ်ပြီးတော့ အစိုးရ အဖွဲ့ အနေနဲ့ကလည်း ဒါကို အဓိက ထား ဆောင်ရွက် နေ

အာဆီယံ ဩစတြေးလျ ထိပ်သီး အစည်းအဝေး ပွဲ ကို တက်ရောက် နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ မတ်လ ၁၉ ရက်နေ့မှာ မြန်မာ နိုင်ငံသားတွေ နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

အဲဒီမှာ အစိုးရ ရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ နဲ့ ပတ်သက်ပြီး တော့ ဒေါ်အောင်ဆန်းစုကြည် က ရှင်းပြ ခဲ့သလို၊ ဩစတြေးလျ ရောက် မြန်မာတွေ အနေနဲ့ လည်း နိုင်ငံ့ ခေါင်းဆောင်ကို မေးခွန်းတွေ မေးခဲ့ကြ ပါတယ်။

အဓိက အနေနဲ့ ငြိမ်းချမ်းရေး မှာ ပြည်ပရောက် မြန်မာတွေ အနေနဲ့ကလည်း ပူးပေါင်း ပါဝင် ကြဖို့ ဖိတ်ခေါ် ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံ တွင်း ကို လာရောက် အလုပ်လုပ်ကိုင် ကြဖို့ ကိုလည်း ဖိတ်ခေါ် ခဲ့ပါတယ်။

ဒါ့အပြင် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေက နေ့ချင်းညချင်း ဆောင်ရွက် လို့ မရတဲ့ အတွက် ဒါကိုလည်း အချိန်ယူ စောင့်ကြည့်ပေးဖို့ ပြောသွားခဲ့ပါတယ်။

မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ရဖို့ အတွက် က ပါတီ ရဲ့ မူဒါဝ ဖြစ်ပြီးတော့ အစိုးရ အဖွဲ့ အနေနဲ့ကလည်း ဒါကို အဓိက ထား ဆောင်ရွက် နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုခဲ့ပါတယ်။

ပြည်ပရောက် မြန်မာတွေ အနေနဲ့ သက်ဆိုင်ရာ သံရုံး တွေမှာ လိုအပ်တဲ့ အကူအညီ တောင်းခံ နိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆို ခဲ့ပါတယ်။

ပြည်ထောင်စု အစိုးရ ရုံးဝန်ကြီးဌာန ဝန်ကြီး ဉီးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး ဝန်ကြီး ဉီးကျော်တင် တို့ကလည်း မြန်မာ တွေ မေးမြန်းချက်တွေကို ပြန်လည် ဖြေကြား ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ ဩစတြေးလျ မှာ ရောက်နေတဲ့ NLD ပါတီ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် နဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။

NLD ပါတီ ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဝင်းထိန် ဟာ မတ်လ ၂၄ ရက်နေ့မှာ မြန်မာ နိုင်ငံကို ပြန်လာမယ်လို့ သိရှိရပါတယ်။

ဆက်စပ် အကြောင်းအရာများ