တရားရုံးကို ပုတ်ခတ်မှုနဲ့ လူ ၂ ယောက်တရားစွဲ

ဓာတ်ပုံ မူပိုင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်
Image caption တရားရုံးကို ဝေဖန်ပြောဆိုသူတွေကို အမှုဖွင့် အရေးယူ

အရင်ပတ်က မန္တလေးတိုင်း စဉ့်ကူးမြို့နယ် တရားရုံးမှာ အမှုပလပ်ခံရသူ တရားလို အဆိုတော် တယောက်နဲ့ ပြည်ကြီးတံခွန် မြို့နယ် တရားရုံးမှာ တရားခံဘက်က လိုက်ပါ ကူညီတဲ့ ရှေ့နေ တယောက်ဟာ တရားရုံးရှေ့မှာ စီရင်ချက် မတရားတာတွေနဲ့ ပတ်သက်လို့ ပုတ်ခတ်ဆဲဆိုတယ် ဆိုပြီး သူတို့ကို အမှုဖွင့်ပါတယ်။

ဒီအကြောင်း တိုင်းအဆင့် တာဝန်ရှိသူတွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ရှင်းပြခဲ့ကြပါတယ်။

မန္တလေးတိုင်းအတွင်းက တရားရုံးတချို့ရဲ့ တရားစီရင်ရေး တွေဟာ တရားမျှတမှု မရှိဘူး ဆိုပြီး ရှေ့ဆင့်နောက်ဆင့် ဆိုသလို မေမြို့က တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝင်းနဲ့ စဉ့်ကူးမြို့က အဆိုတော် တသသ ခေါ် မခိုင်တို့ရဲ့ ရင်ဖွင့်သံတွေ လူမှုကွန်ယက် စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။

အဲဒီနောက် ပထမဆုံးအကြိမ် အဖြစ် မန္တလေးတိုင်း လွှတ်တော်မှာ တိုင်းအဆင့် ခရိုင်အဆင့် တရားသူကြီးတွေက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

တရားရုံး ဆုံးဖြတ်ချက် မကျေနပ်လို့ မိုးညှင်းမှာ ဆူပူ

တရားခံ ဖြစ်သွားတဲ့ တရားလို

Image caption တိုင်းအဆင့် ခရိုင်အဆင့် တရားသူကြီးတွေက သတင်းစာရှင်းလင်း

ပြည်ကြီးတံခွန်မြို့နယ် မှာ မိသားစု ပြဿနာ အမှုတခုမှာ တရားလိုပြ သက်သေအဖြစ် ဆောင်ရွက်ခဲ့တဲ့ မဇာဇာထွန်းဆိုတဲ့ အမျိုးသမီးဟာ တရားရုံးကို ခြိမ်းခြောက် ပြောဆိုတယ် ဆိုတဲ့အမှုကို တရားသူကြီးက တရက်ထဲနဲ့ အပြီးစစ်ပြီး ထောင်ဒဏ် ၄ လ ချမှတ် လိုက်ပါတယ်။

ဒီအမှုမှာ မဇာဇာထွန်း ဘက်က လိုက်ပါ ကူညီပေးတဲ့ လိုင်စင်သိမ်းခံ ထားရတဲ့ ရှေ့နေ ဦးဇော်ဝင်းက တရားရုံး ဆိုင်းဘုတ်ကို ဖိနပ်နဲ့ပစ်ခဲ့ပြီး တရားခွင်စစ်ဆေးမှုတွေ တရားမျှတမှု မရှိဘူးလို့ တရားရုံးရှေ့မှာ မီဒီယာတွေကို ပြောဆို ခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီးက ဦးဇော်ဝင်းကို အမှု သုံးခုနဲ့ အမှုဖွင့်ကြောင်း မန္တလေးတိုင်း တရားရေးဦးစီးမှူး ဒေါ်ခင်ခင်ချိုက ရှင်းပြပါတယ်။

ဒီလိုအမှုဖွင့်ခံရတဲ့ တရား လွှတ်တော်ရှေ့နေ ဦးဇော်ဝင်း ကတော့ အောက်ခြေအဆင့်က ခေါ်ယူစစ်ဆေးတာကို လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဦးဇော်ဝင်းက မနှစ်က မတ္တရာ တရားရုံးမှာ တရားသူကြီးကို ဖိနပ်နဲ့ပစ်ပေါက်ခဲ့လို့ ရှေ့နေလိုင်စင် သိမ်းခံထားရသူ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်အတွေးဆွေးဖလှယ်
ဓာတ်ပုံ မူပိုင် TaThatha
Image caption အဆိုတော် တသသခေါ် မခိုင်

ဦးဇော်ဝင်းဖြစ်စဉ်အပြင် စဉ့်ကူးမြို့နယ် တရားရုံးက ရာဇဝတ်ကြီး အမှုတခုမှာ တရားလိုလုပ်ပြီး စွဲဆိုခဲ့တဲ့ အဆိုတော် တသသခေါ် မခိုင်က သူ့အမှု ပလပ်ခံရလို့ စဉ့်ကူး တရားရုံးရှေ့မှာ ပြောဆိုတဲ့ ရုပ်သံကို အင်တာနက်မှာ တင်ခဲ့လို့ အမှုဖွင့်တဲ့ အကြောင်း ကိုလည်း မန္တလေးတိုင်း တရားရေးဦးစီးမှူး ဒေါ်ခင်ခင်ချိုက ရှင်းပြပါတယ်။

ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့်ခံရတဲ့ အဆိုတော် တသသ ခေါ်မခိုင်က သူရင်ဆိုင်ဖြေရှင်းမယ်လို့ ဆိုပါတယ်။

အငြင်းပွားဖွယ်ရာပုဒ်မ ၆၆(ဃ)နဲ့ လူ၂ဦးထောင်ဒဏ်ကျခံရ

ခုလို တရားရုံးကို ဝေဖန်ပြောဆိုသူတွေကို မတူညီတဲ့ တရားရုံးတွေက အမှုဖွင့် အရေးယူခံရတာနဲ့ ပတ်သက်လို့ သတင်းမီဒီယာကို ခေါ်ယူ ရှင်းလင်းတာဟာ ပထမဆုံးဖြစ်ပါတယ်။

သတင်းစာ ရှင်းလင်းတဲ့ တိုင်းအဆင့် တရားသူကြီးတွေ ကတော့ မတရားမှုတွေရှိလို့ သူတို့အဆင့်ဆင့်ကို တိုင်ကြားရင် ဖြေရှင်းပေးမယ်လို့ ကတိပေးသွား ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ