သမ္မတသစ် ရွေးမယ်

ဓာတ်ပုံ မူပိုင် Myanmar Union Parliament
Image caption ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်း အဝေးကို ၂၃-၃-၂၀၁၈ ရက် (သောကြာနေ့) တွင် ကျင်းပပြုလုပ်မယ်

မြန်မာနိုင်ငံမှာ သမ္မတ ဦးထင်ကျော် နုတ်ထွက် သွားခဲ့အပြီး သူ့နေရာကို ဆက်ခံမယ့်သူကို ပြည်ထောင်စု လွှတ်တော်မှာ ရွေးချယ် အတည်ပြုဖို့ ရှိပါတယ်။

ပြည်ထောင်စု လွှတ်တော်မှာ ဒုတိယ သမ္မတလောင်း တွေကို အဆို ပြုကြပြီး သူတို့ထဲ ကမှ သမ္မတကို ရွေးမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော် အင်တာနက် စာမျက်နှာ ဖေါ်ပြထားတာ ကတော့ ပြည်ထောင်စု လွှတ်တော် နာယက က နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်နိုင်ရန် အတွက် ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်း အဝေးကို ၂၃-၃-၂၀၁၈ ရက် (သောကြာနေ့) တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရေးသားထားပါတယ်။

အခုတခါ သမ္မတ ရာထူးအတွက် NLD ပါတီထဲက လှုပ်ရှား နေသူ ကိုရွေးဖို့ ဖြစ်နိုင် တယ်လို့ တပ်မတော် ထဲမှာ ဗိုလ်မှူးချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသူ NLD ပါတီရဲ့ ကော့ကရိတ် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက ပြောပါတယ်။

သမ္မတ ဖြစ်လာမယ်လို့ အများက ထင်ကြေးပေး ပြောဆိုနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကနေ နုတ်ထွက်ထားတဲ့ ဦးဝင်းမြင့် ကတော့ တပ်မတော် နဲ့ အဆင်ပြေ အောင် ဆက်ဆံနိုင်သူ ဖြစ်မယ်လို့လည်း ဦးစိုးဌေးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဦးဝင်းမြင့် ကတော့ တပ်မတော် နဲ့ အဆင်ပြေ အောင် ဆက်ဆံနိုင်သူ ဖြစ်မယ်

တပ်မတော်နဲ့ ဆက်ဆံရေး အဖု အထစ် မဖြစ်ပဲ ဦးဝင်းမြင့်ဟာ သမ္မတ တဦး အနေနဲ့ ဆောင်ရွက် နိုင်မယ် ဆိုရင် နိုင်ငံရေး လှုပ်ရှားမှု အရွေ့ဟာ ပိုမြန်လာ မယ်လို့ ထင်ကြောင်းကိုလည်း သူက ပြောပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အနေနဲ့ တပ်မတော်နဲ့ ဆက်ဆံရေး အဆင်ပြေဖို့ နဲ့ အမျိုးသား ရင်ကြားစေ့ရေးကို အလေးထား ကြိုးပမ်း နေတာ ဖြစ်ပါတယ်။