တပ်ရင်းတွေ ပြန်ရုပ်ဖို့ ဒေါ်စုကို စာတင်

ဓာတ်ပုံ မူပိုင် KNU KNLA Army 5
Image caption ကေအန်ယူ ဖာပွန်ခရိုင် တပ်မဟာ ၅ ရဲ့ နယ်မြေဖြစ်

မတ်လ အစောပိုင်းက ကရင်ပြည်နယ် မြောက်ပိုင်း ဖာပွန်ခရိုင်မှာ တပ်မတော်က ကားလမ်း ဖောက်လုပ်ရာ တပ်အင်အားတွေ တိုးချဲ့လာတာကြောင့် ကေအန်ယူတပ်နဲ့ စစ်ရေး တင်းမာမှုတွေဖြစ်ခဲ့ပြီး ဒေသခံရွာသား နှစ်ထောင်ကျော် အိုးအိမ်စွန့် ထွက်ပြေး တိမ်းရှောင် ခဲ့ရပါတယ်။

ထွက်ပြေး သွားတဲ့ ရွာသားတွေ ရွာ ပြန်နိုင်ဖို့ တပ်မတော် တပ်ရင်းတွေကို ပြန်ရုပ်သိမ်းဖို့နဲ့ ကားလမ်း ဖောက်လုပ်မှုကို ရပ်ဆိုင်းပေးဖို့ ဌာနေကရင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို အသနားခံစာ တင်ကြပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေး နေရတဲ့ ကျေးရွာသား နှစ်ထောင်ကျော် ရဲ့ ကိုယ်စား နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဆီကို ကရင် ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်ကနေ အသနားခံစာ တင်ခဲ့ ပါတယ်။

နယ်ခြားစောင့်စခန်းထဲ တပ်မတော် ဝင်စစ် လိုင်စင်မဲ့ ကားတွေသိမ်း

အစိုးရစစ်တပ်နဲ့ ကေအန်ယူတို့ မတ်လကုန်ပိုင်းမှာ တွေ့ဆုံဖို့ရှိ

Image caption ကေအန်ယူတပ်နဲ့ စစ်ရေး တင်းမာမှုတွေဖြစ်ခဲ့

ဒီအသနားခံစာထဲမှာ အချက်လေးချက် ပါဝင်ပြီး အဓိကကတော့ အခုလက်ရှိ အင်အား အလုံးအရင်းနဲ့ တက်လာတဲ့ မြန်မာ့တပ်မတော်ကို ပြန်ရုပ်သိမ်း စေချင်တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူ ပြု ကွန်ရက်က စော အဲလက်စ်ထူးက ဘီဘီစီကို ပြောပါတယ်။

အခုလက်ရှိ တပ်မတော်က လမ်းဖောက်နေတဲ့ ခေးပူ လယ်မူပလော အစရှိတဲ့ ရွာ ၁၁ ရွာက ရွာသားတွေက တပ်တွေ အလုံးအရင်းနဲ့ ဒေသထဲ ဝင်လာတာကြောင့် ကြောက်ရွံ့ပြီး ထွက်ပြေး နေရပါတယ်။

အဲဒီဒေသမှာ အရင်က တပ်မတော် စစ်ကြောင်းတွေ သွားနေကျ ခြေကျင် လမ်းကြောင်းကို အခုအခါ ကားလမ်းကြောင်း အထိ ဖြစ်ဖို့အတွက် ဒီနှစ်ပိုင်းမှာ စတင် ဖောက်လုပ်ခဲ့ တာဖြစ်ပြီးဖောက်တဲ့လမ်းဟာ ရွာသား တွေရဲ့ လယ်ယာတွေ နားမှာ ဖြစ်တာကြောင့် ရွာသားတွေက တပ်က ပစ်ခတ် ဖမ်းဆီးတာတွေ လုပ်မှာ ကြောက်နေကြတယ်လို့ စောအဲလက်စ်ထူးက ဆိုပါတယ်။

ကေအန်ယူနဲ့ တပ်မတော် တိုက်ပွဲ ပြေငြိမ်းရေး JMC-Uမှာ ဆွေးနွေးမယ်

ဒီဒေသဟာ ကေအန်ယူ ဖာပွန်ခရိုင် တပ်မဟာ ၅ ရဲ့ နယ်မြေ ဖြစ်ပြီး အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့ ဖြစ်တာကြောင့် JMC ဗဟိုအဆင့်ကို ဖာပွန်ခရိုင်မှာ တပ်တွေ အလုံးအရင်း ချထားမှုကို ပြန်ဆုတ်ပေးဖို့နဲ့ တပ်နဲ့ တွေ့ဆုံ ညှိနှိုင်းဖို့ စာတင် ထားပါတယ်။

ဒီလို အသနားခံစာ တင်ထားပေမယ့် နိုင်ငံတော် အတိုင်ပင်ခံဘက်က တုံ့ပြန်မှု တစုံတရာ မရသေးကြောင်းနဲ့ တောင်းဆို ထားတာတွေ မရဘူး ဆိုရင်တော့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးမှုတွေကို စဉ်းစား ရတော့မယ် လို့ အသနားခံစာ ပို့တဲ့ သူ တွေက ပြောပါတယ် ။