ရိုက်တာသတင်းထောက် အမှု အမားလ်ကလူနီ ကူမယ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမားလ် ကလူနီ နဲ့ ဂျော့ ကလူနီ

ဟောလီးဝုဒ်မင်းသား ဂျော့ ကလူနီရဲ့ အမျိုးသမီးလည်းဖြစ်၊ လူ့အခွင့်အရေးရှေ့နေ တစ်ယောက်လည်းဖြစ်တဲ့ အမားလ် ကလူနီ ဟာ ရိုက်တာ သတင်းထောက်နှစ်ယောက်အတွက် ရှေ့နေလိုက်ပေးနေတဲ့အဖွဲ့နဲ့ လက်တွဲ လုပ်ဆောင်မယ်လို့ ကြေညာလိုက်ပါတယ်။

ရိုက်တာ သတင်းဌာနက မြန်မာသတင်းထောက်နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ သတင်းထောက် အလုပ်သာ လုပ်တဲ့အတွက် သူတို့မှာ အပြစ်မရှိဘူးလို့ ရှေ့နေ Amal Clooney ရုံးရဲ့သတင်း ထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားဖေါ်ပြပါတယ်။

သတင်းထောက် နှစ်ဦးဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲခံထားရပြီး အပြစ်ရှိရင် ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံရဖွယ် ရှိပါတယ်။

မစ္စစ် ကလူနီဟာ နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေအပေါ် အထူးပြုတဲ့ ရှေ့နေတစ်ဦး ဖြစ်ပါတယ်။