NLD အစိုးရ နှစ်နှစ်ပြည့် မိန့်ခွန်းပြောကြား

ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ,

အစိုးရ နှစ်နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းပြောနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က အစိုးရ တာ၀န်ယူတာ နှစ်နှစ်ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရုပ်မြင်သံကြားကတဆင့် တိုင်းပြည်ကို မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

NLD ဒုတိယမျိုးဆက်ဖြစ်တဲ့ သမ္မတသစ် ဉီး၀င်းမြင့် လက်ထက်မှာ တရားဥပဒေ စိုးမိုးရေး ၊ လူမှုစီးပွား တိုးတက်ရေး ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တို့ကို ဉီးစားပေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာ နိုင်ငံဟာ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ဖို့ ရုန်းကန်နေရသလို ပြည်တွင်း ပြည်ပ စိန်ခေါ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာမို့ ကမ္ဘာအသိုင်းအဝိုင်း အတွင်းမှာ တာဝန်သိစွာ ရပ်တည်နိုင်ဖို့ အရေးကြီးတယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသွားခဲ့ပါတယ်။