ဆင်တွေတင်လာတဲ့ လော်ရီ ယာဉ်တိုက်မှု ဖြစ်

စပိန်
ဓာတ်ပုံ ပုံစာ,

ဆပ်ကပ် ဖျော်ဖြေရေး ဆင်တွေ တင်တာတဲ့ လော်ရီကား တိမ်းမှောက်မှု ဖြစ်ပွား

စပိန်မှာ ဆပ်ကပ်ဖျော်ဖြေတဲ့ ဆင်ငါးကောင် တင်ဆောင်လာရာ လော်ရီ ကားတစင်း ယာဉ်တိုက်မှု ဖြစ်လို့ ဆင်တကောင်သေသွားပြီး နှစ်ကောင် ဒဏ်ရာ ရခဲ့ပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့က ကရိန်းတွေနဲ့ ဒဏ်ရာရ ဆင်တွေကို လမ်းပေါ်က ဖယ်ရှားခဲ့ရပါတယ်။

စပိန်အလယ်ပိုင်း Albacete အရပ်မှာ တခြားကားကို ကျော်တက်ရင်း မထိန်းနိုင်ဘဲ ဆင်တွေတင်လာတဲ့ လော်ရီကား တိုက်မိခဲ့တာ ဖြစ်ပါတယ်။