တပ်မတော် လေယာဉ်ပျက်ကျမှု လေယာဉ်မှူးသေဆုံး

ဓာတ်ပုံ မူပိုင် Aung Htet
Image caption လေယာဉ်ကနေ ပြုတ်ကျကျန်နေခဲ့တဲ့ အမိုး အစိတ်အပိုင်းကို တွေ့ရစဉ်

တောင်ငူမြို့နယ် ကျွန်းကုန်းနားမှာ ဒီကနေ့ ဧပြီလ ၃ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်က တပ်မတော် လေယာဉ်တစင်းပျက်ကျခဲ့တယ်လို့ ကျွန်းကုန်းရဲစခန်းက ဘီဘီစီကို မနက် ၁၁ နာရီ ၁၅ မိနစ်အချိန်မှာ အတည်ပြု ပြောဆိုပါတယ်။

ပျက်ကျတဲ့ လေယာဉ်ဟာ F7 စစ်လေယာဉ်အမျိုးအစား ဂျက် တိုက်လေယာဉ်ဖြစ်ပြီး လေယာဉ်ပေါ်မှာ မောင်းနှင်သူ တဦးပါလာခဲ့ကာ ဆေးရုံတင်ထားခဲ့ရပြီး ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဘီဘီစီကို နေ့လည် ၁၂ နာရီ ကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနစ် စက်တင်ဘာလတုန်းကလည်း တပ်မတော် လေ့ကျင့်ရေး လေယာဉ် ဂျီ-၄ဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် နယ်စပ်နားမှာ ပျက်ကျခဲ့ဖူးပါတယ်။

ဒါ့အပြင် ၂၀၁၇ ဇွန်လအတွင်းမှာ မြိတ်မြို့ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ Y-8 အမျိုးအစား တပ်မတော် ပို့ဆောင်ရေး လေယာဉ်ဟာ ပင်လယ်အတွင်း ပျက်ကျခဲ့ဖူးပြီး အဲဒီ ပျက်ကျမှုဟာ အသေအပျောက်များခဲ့တဲ့ လေယာဉ်ပျက်ကျမှု ဖြစ်ခဲ့ပါတယ်။

၂၀၁၆ ခုနစ်အတွင်းကလည်း တပ်မတော်လေ ရဲ့ Beech 1900 D အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်တစီးဟာ နေပြည်တော်လေဆိပ်ကနေ ပျံအတက်မှာ စက်ချို့ယွင်းပြီး ပျက်ကျ မီးလောင်သွားခဲ့ကာ လေယာဉ်ပေါ်ပါလာသူ စစ်သည် ၅ ဦးသေဆုံးခဲ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ