Youtube ဌာနချုပ် ပစ်ခတ်မှု ၃ ဦး ဒဏ်ရာရ

ဓာတ်ပုံ မူပိုင် AFP
Image caption ရဲတပ်ဖွဲ့တွေ ရောက်ရှိလာလို့ Youtube ဌာနချုပ်ကနေ ဝန်ထမ်းတွေ ထွက်ခွာလာတဲ့ပုံကို လူမှုရေးကွန်ရက် မီဒီယာပေါ် ဝန်ထမ်းတဦးတင်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုက Youtube ဌာချုပ်မှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အမျိုးသမီးတဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး သူ့ကိုယ်သူ သတ်သေသွားတာ ဖြစ်နိုင်သလို လူ ၃ ဦး ဒဏ်ရာရသွားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာမှာ သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရသလို သူ့ကို ပစ်ခတ်တယ်လို့ သံသယရှိနေတာ ဖြစ်ပါတယ်။

သေဆုံးသူဟာ Youtube ရဲ့ ဝန်ထမ်းလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးသလို သူဘယ်သူလဲဆိုတာကိုလည်း မထုတ်ပြန်သေးပါဘူး။

ဓာတ်ပုံ မူပိုင် TWITTER/@ERINJEANC/VIA REUTERS
Image caption ရဲတပ်ဖွဲ့တွေ ရောက်လာလို့ Youtube ဌာနချုပ်ကနေ ဝန်ထမ်းတွေ လက်မြှောက် ထွက်ခွာလာပါတယ်။

ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့ အသက် ၃၆ နှစ် အမျိုးသားကတော့ ပစ်ခတ် တယ်လို့ သံသယရှိပြီး သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ရည်းစားလို့ ပြောပါတယ်။ တခြား အမျိုးသမီး ၂ ဦးလည်း ပစ်ခတ်ခံခဲ့ရပါတယ်။ အခုတော့ Youtube ဌာနချုပ်ဟာ လုံခြုံသွားပြီလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပစ်ခတ်တဲ့သတင်းကို Youtubeမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတဦးက လူမှုရေး ကွန်ရက် Twitterပေါ်မှာ စတင် ရေးသားခဲ့တာ ဖြစ်ပါတယ်။

Youtubeမှာ အလုပ်လုပ်နေတဲ့သူတဦးကတော့ အလုပ်လုပ်နေချိန်မှာလူတွေ ပြေးလာတာကို မြင်ရပြီး တခြားလူတွေနဲ့အတူ အခန်းတခုထဲမှာ ပုန်းအောင်း နေရတယ်လို့ ပြောပါတယ်။

Youtubeကိုပိုင်တဲ့ Google ကတော့ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါ တယ်။

ဆက်စပ် အကြောင်းအရာများ