လူ့အခွင့်အရေးသမားတွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်

ဓာတ်ပုံ မူပိုင် AFP
Image caption အသက်၄၈နှစ် ရှိပြီဖြစ်တဲ့ လူ့အခွင့်အရေး ရှေ့နေ Nguyen Van Dai ကို ထောင်၁၅နှစ်ပြစ်ဒဏ်ချ

ဗီယက်နမ်မှာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ အမျိုးသား ငါးယောက်နဲ့ အမျိုးသမီး တယောက်တို့ကို နှစ်ရှည် ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။

လူ့အခွင့်အရေး ရှေ့နေ Nguyen Van Dai ကို ထောင်၁၅နှစ်နဲ့ ကျန်တဲ့သူတွေကို ခုနှစ်နှစ်ကနေ ၁၂နှစ်အထိ ထောင်ဒဏ်ပေးခံခဲ့ရပါတယ်။

အခု အပြစ်ပေးခံရတွေဟာအမျိုးသားရေး နဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ တက်ကြွလှုပ်ရှားခဲ့ကြတာ ဖြစ်ပြီး အစိုးရဖက်က ဥပဒေ အရာရှိက အထောက်အထား မပြဘဲ တရက်ကြာတရားစီရင်မှုအတွင်း အမိန့်ချလိုက်တာလို့ ထောင်ချခံရသူ Vu Minh Khanh ရဲ့ ဇနီးက ဘီဘီစီကို ပြောပါတယ်။

သူတို့ခြောက်ယောက်လုံးဟာ ငုယင်ဗန်ဒိုင်း တည်ထောင်ထားတဲ့ ဒီမိုကရေစီ အဖွဲ့နဲ့ ဆက်စပ်နေသူတွေ ဖြစ်ပါတယ်။

ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးကတော့ ကွန်မြူနစ် စနစ်နဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်မှာ နိုင်ငံရေး နဲ့ ပတ်သက်တဲ့ အကျဉ်းသား မရှိဘူးလို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ