သီတင်းတစ်ပတ်ကျော် ဆန္ဒပြပေမယ့် အခြေအနေမထူး

Image caption လုပ်သမား ၈ဝဝ ကျော် အလုပ် လုပ်နေ

ရန်ကုန် လှိုင်သာယာမြို့နယ်၊ ငွေပင်လယ် စက်မှုဇုန်ထဲက Running Tex အထည်ချုပ် စက်ရုံမှာ အလုပ်သမား ၆ဝဝ ကျော် ဆန္ဒပြ နေကြတာ သီတင်းတစ်ပတ် ကျော် ရှိနေပါပြီ။

လုပ်သက်နှစ်ကြေးကို လစဉ် လစာပေးရာမှာ ထည့်သွင်းပေးဖို့အတွက် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

လုပ်သက်နှစ်ကြေးအဖြစ် လုပ်သက် ၁ နှစ်ရှိသူတွေကို ကျပ် ၁ သောင်း ၊ လုပ်သက် ၂ နှစ်ရှိသူတွေကို ကျပ် ၂ သောင်း စသဖြင့် ရရှိဖို့အတွက် မတ်လ ၂၉ ရက်ကနေ ၃၁ ရက်အထိ စက်ရုံအတွင်း အလုပ်မလုပ်ဘဲ စတင် တောင်းဆို ခဲ့ကြတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

စက်ရုံတာဝန်ရှိသူတွေက မလိုက်လျောပေးလို့ အလုပ်သမားတွေဟာ ဧပြီ ၁ ရက်က စတင်ပြီး စက်ရုံရှေ့ ထွက်ပြီး ဆန္ဒပြ တောင်းဆို လာကြပါတယ်။

အဲဒီ အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။

ဆန္ဒပြ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ စက်ရုံရဲ့တာဝန်ရှိသူတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

Image caption အလုပ်သမား ၈ဝဝ ကျော် အလုပ် လုပ်နေ

ဒီစက်ရုံမှာ အလုပ်သမား ၈ဝဝ ကျော် အလုပ် လုပ်နေကြပါတယ်။

နှစ်ကြေးနှုန်းထားကို လစဉ်မရရှိခဲ့ဘူးဆိုရင်၊ အကြောင်းတခုခုနဲ့ အလုပ် ထွက်ရချိန်မှာ အလုပ်သမားတွေအတွက် နစ်နာနိုင်တဲ့အတွက် တောင်းဆိုရတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတွေက ပြောပါတယ်။ အလုပ်သမားတွေက ပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေနဲ့ စက်ရုံ တာဝန်ရှိသူတွေအကြား ပြေလည်မှုရရှိဖို့ လှိုင်သာယာမြို့နယ် အလုပ်သမား ဆက်ဆံရေး ဦးစီးဌာနမှာ ၂ ကြိမ် သွားရောက် ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိသေးပဲ၊ ဧပြီ ၅ ရက် ညနေပိုင်းမှာလည်း ထပ်မံ ညှိနှိုင်းနေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ