ကချင်ဒေသမှာ တိုက်ပွဲတွေ ဆက်

နှစ်ဖက်တပ် အကြား ပစ်ခတ် မှုတွေကို တနိုင်းမြို့ အထိပါ ကြားခဲ့ ရတယ်လို့ တနိုင်းမြို့ခံ တဦးက ပြောပါတယ်
ဓာတ်ပုံ ပုံစာ,

နှစ်ဖက်တပ် အကြား ပစ်ခတ် မှုတွေကို တနိုင်းမြို့ အထိပါ ကြားခဲ့ ရတယ်လို့ တနိုင်းမြို့ခံ တဦးက ပြောပါတယ်

ကချင်ပြည်နယ် တနိုင်း ဒေသမှာ ရှိတဲ့ လမုန် ကျေးရွာ နားမှာ အစိုးရ စစ်တပ်နဲ့ KIA ကရင်လွတ်လပ်ရေး တပ်ဖွဲ့ အကြား ဧပြီလ ၈ ရက် မနက်ဦးပိုင်း ၂ နာရီ ကျော်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ တယ်ပါတယ်။

ဒီလိုဖြစ်ရတာဟာ တနိုင်းမြို့နဲ့ ၃ မိုင်ကျော် ကွားဝေးတဲ့ လမုန် ကျေးရွာ အနားမှာ အခြေစိုက် ထားတဲ့ အစိုးရ တပ်စခန်းကို KIA တပ်က လာရောက် တိုက်ခိုက်ရာ ကနေ တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်လို့ တနိုင်း ဒေသခံတွေက ပြောဆို ပါတယ်။

နှစ်ဖက်တပ် အကြား ပစ်ခတ် မှုတွေကို တနိုင်းမြို့ အထိပါ ကြားခဲ့ ရတယ်လို့ တနိုင်းမြို့ခံ တဦးဖြစ်တဲ့ ဦးနော်တောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက် ကနေ ဧပြီ ၂ ရက် အထိ ကချင် ပြည်နယ် မံစီမြို့နယ် အတွင်းမှာလည်း အစိုးရ စစ်တပ်နဲ့ KIA တပ် အကြား တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တယ်လို့ မံစီမြို့ခံ တွေက ပြောပါတယ်။

အလားတူပဲ ဧပြီ ၆ ရက် ကလည်း ဖားကန့်နဲ့ ၁၀ မိုင်ကျော် ဝေးတဲ့ တံတား ညီနောင်နားက ရွာမှာ ရှိတဲ့ အစိုးရတပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းရဲ့ ရှေ့တန်း စခန်း တခုကို ကေအိုင်အေ တပ်ရင်း ၆ က ဝင်စီးခဲ့ လို့ အစိုးရ တပ်ဘက်က အကျဆုံးတွေ ရှိခဲ့ပါတယ်။

ကချင်ပြည်နယ် အတွင်း အခုလို အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ တပ်တွေအကြား တိုက်ပွဲတွေ ပြန်ဖြစ် တာက အစိုး ရဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းမှာ ပါဝင်ဖို့ ဟန့်တား မှုတွေ ဖြစ်စေ မလား ဆိုတာကို KIO အဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ အထက်က ညွှန်ကြားလာ မှုတွေ မရှိသေးဘူးလို့ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

တနိုင်း ဒေသမှာ ပျောက်ကျား စစ်ဆင်ရေးနဲ့ မိုင်းစစ်ဆင်ရေး တန်ပြန် ပြုလုပ်သွားဖို့ ပယင်းနဲ့ ရွှေတူးသူတွေ အနေနဲ့ နေရပ်ကို ပြန်လည် ထွက်ခွာကြဖို့ KIA တပ်ရင်း ၁၄ က ဧပြီ ၅ ရက်မှာ ကြေညာ ချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲ အခြေအနေနဲ့ ပတ်သတ်ပြီး တပ်မတော် သတင်းထုတ်ပြန်ရေး အဖွဲ့ကို ဘီဘီစီက ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အခုလို တိုက်ပွဲတွေဖြစ်လို့ စစ်ရှောင် ထွက်ပြေး ရတာတွေ မရှိသေး ပေမယ့် ဧပြီ ၈ ရက်မှာ တနိုင်း မြို့ပေါ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကက်သလစ် အသင်းတော်ရဲ့ ဘာသာရေးပွဲကို လာရောက် ကြမယ့် ဒေသခံတွင်းက သူတွေ အတွက် သွားလာမှု အခက် အခဲတွေ ဖြစ်ရတယ်လို့ တနိုင်းဒေသခံတွေက ပြောဆိုပါတယ်။