ရခိုင် အစိုးရ ဘတ်ဂျက် တင်ပြမှု လွှတ်တော် ပယ်ချ

Image caption ကျပ်ငွေ ၆ ဘီလျံကျော် ဖြတ်တောက်ရန် ရခိုင်ပြည်နယ်လွှတ်တော် က ဆုံး ဖြတ်

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ရဲ့ ဧပြီလ ၁ရက်နေ့ ကနေ အောက်တိုဘာလ အထိ ခြောက်လ အတွင်း ဆောင်ရွက် မယ့် စီမံကိန်း တွေ နဲ့ ပတ်သက်လို့ ပြည်နယ် လွှတ်တော် က ဧပြီလ ၉ ရက်နေ့မှာ သတင်းစာ ရှင်းလင်း ပွဲ လုပ်ခဲ့ပါတယ်။

ပြည်နယ် လွှတ်တော်က ဟာ အစိုးရက ချပေးထားတဲ့ ဘတ်ဂျက်တွေကို ဖြတ်တောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတဲ့ အတွက် သတင်းစာရှင်းလင်း ပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့မှာ ပြည်နယ်အစိုးရမှ တင်ပြလာတဲ့ မီနီဘတ်ဂျက်ထဲမှ ကျပ်ငွေ ၆ ဘီလျံကျော် ဖြတ်တောက်ရန် ရခိုင်ပြည်နယ်လွှတ်တော် က ဆုံး ဖြတ် ခဲ့ပါတယ်။

ဒါကလည်း အဆင့်မြင့် ဈေး ၅ ဈေးတည်ဆောက်ဖို့ ကိစ္စ အတွက် အစိုးရ က တင်ပြ ခဲ့တာ ဖြစ်ပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ကို ပြည်နယ်အစိုးရဘက်က လက်မခံတာကြောင့် လို့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြသန်း က ဘီဘီစီ ကို ပြောပါတယ်။

ဂွနှင့် ရမ်းဗြဲအပါအဝင် အခြားနေရာများတွင်လည်း ၃ ထပ်ဈေတွေ ကို ကျပ်သန်းပေါင်းများစွာ အကုန်ကျခံပြီး ဆောက်တဲ့ ကိစ္စ က မဖြစ်သင့် ကြောင်း၊ အဲဒီ စီမံကိန်း ငွေ တွေကို လယ်ယာ သားငါးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍများတွင် ပြောင်းလဲ အသုံးပြုပါက ပြည်သူများအတွက် အကျိုးပိုရှိနိုင်သည်ဟု လွှတ်တော်အမတ် တွေက ဝေဖန် ထောက်ပြ နေကြပါတယ်။

ရခိုင် ပြည်နယ် အစိုး ရ အဖွဲ့ ဝင်တွေ ကတော့ စီမံကိန်း တွေမှာ အသုံးပြု ဖို့ ရံပုံငွေကို ဥပဒေနဲ့ အညီ ရေးဆွဲတင်သွင်းခဲ့တာ ဖြစ်တယ်လို့ ပြောဆို နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ