မြန်မာအရေး ဖေ့စ်ဘုတ် လုပ်ဆောင်နေတဲ့ အချက် ၃ ချက်

Image caption ဖေ့စ်ဘုတ်ကနေ တဆင့် ကိုယ်ရေး အချက်အလက် တွေ ပေါက်ကြားလို့ ဇတ်ကာဘတ်ဂ် တောင်းပန်

ဖေ့စ်ဘုတ် တည်ထောင်သူ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇတ်ကာဘတ်ဂ်ဟာ သူ့ကုမ္ပဏီ အနေနဲ့ လူမှုကွန်ရက်ကို တလွဲ အသုံးချ အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ ရုရှား ကွန်ပျူတာ ပညာရှင်တွေနဲ့ကြား တိုက်ပွဲ အသွင် အဆက်မပြတ်ကို ရင်ဆိုင်နေရတယ်လို့ ပြောဆို ပါတယ်။

လက်နက် အပြိုင်တပ်ဆင်ရသလိုကို ဖြစ်နေတာပါ၊ ရုရှားတွေဘက်ကလည်း ပိုပိုပြီး သာလွန် လာနေတယ်လို့ မစ္စတာ ဇတ်ကာဘတ်က အမေရိကန် ဆီးနိတ်လွှတ်တော် ကြားနာပွဲမှာ ဖြေဆိုသွား ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖေ့ဘုတ်နဲ့ ကိုယ်ရေးအချက်အလက် ပြဿနာ

Cambridge Analytica ဆိုတဲ့ ဗြိတိန် အခြေစိုက် သတင်း အချက်အလက် နည်းပညာ ကုမ္ပဏီ ဆီကတဆင့် ဖေ့စ်ဘုတ် လူမှုကွန်ရက် အသုံးပြုနေသူတွေရဲ့ အချက်အလက်တွေကို ရုရှား ရယူပြီး၊ ၂ဝ၁၆ အမေရိကန် ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက် ခဲ့တယ် ဆိုတဲ့ ပြောဆိုချက် တွေ ထွက်လာ ပြီးတဲ့နောက်၊ အခုလို ဆီးနိတ် လွှတ်တော် ကြားနာပွဲ လုပ်ပြီး မာ့ခ် ဇတ်ကာဘတ်ဂ် ကိုယ်တိုင် လာရောက် ထွက်ဆို ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာတာဟာ ရုရှားရဲ့ ပယောဂ ပါသလားဆိုတာကို ဦးဆောင် စုံစမ်းနေတဲ့ အထူး ရှေ့နေ ရောဘတ် မူလာဟာ ဖေ့စ်ဘုတ် ဝန်ထမ်း တချို့ကို လူတွေ့ စစ်မေးတာတွေ လုပ်ခဲ့တယ် ဆိုတဲ့ အချက်ကို မာ့ခ်ဇတ်ကာဘတ်ဂ် က အခု ကြားနာပွဲမှာ ထုတ်ဖော် ပြောဆို သွားပါတယ်။

ဒါပေမယ့် သူကိုယ်တိုင်တော့ မေးမြန်းခံရတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

Image caption ဆီးနိတ် ကော်မတီ အစုံ ပါဝင်တဲ့ ကြားနာပွဲ

ဖေ့စ်ဘုတ်ကို တလွဲ အသုံးမချနိုင်အောင် အခုဆိုရင် အကောင့်တုတွေဆိုရင် အတုတွေမှန်း သိနိုင်တဲ့ နည်းပညာမျိုးတွေ ဖေ့စ်ဘွတ်ခ်က တည်ထွင် ထားတယ်လို့လည်း မစ္စတာ ဇတ်ကာဘတ်ဂ် ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ် အသုံးပြုသူ လူပေါင်း ၈၇ သန်းရဲ့ အချက်အလက်တွေကို Cambridge Analytica ကုမ္ပဏီက ရယူခဲ့တယ် ဆိုတဲ့ အချက် ပေါ်ထွက်လာပြီးတဲ့ နောက်မှာတော့ ဆီးနိတ် ကော်မတီ အစုံ ပါဝင်တဲ့ ကြားနာပွဲ ပြုလုပ် လာတာ ဖြစ်ပါတယ်။

ဒီ ကြားနာပွဲမှာ မြန်မာ နိုင်ငံနဲ့ ဆိုင်တဲ့ မေးခွန်းလည်း ရှိခဲ့ပြီး မာ့ခ်ဇတ်ကာဘတ်ဂ် ဖြေဆို ခဲ့ရပါတယ်။

Image caption မြောက်ဦးမြို့နယ်ထဲက ရိုဟင်ဂျာ ကလေးတွေ

ဗားမွန့်ပြည်နယ်က ဝါရင့် ဒီမိုကရက် အမတ် ပက်ထရစ် လီဟီ က "ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေ အပေါ် ပစ်မှတ်ထားတဲ့ အမုန်းတရား လှုံ့ဆော်မှုတွေဟာ ဖေ့စ်ဘုတ်ပေါ်ကနေ ပြန့်ပွား နေတာ ဆိုပြီး ကုလသအမဂ္ဂ စုံစမ်းရေးသမားတွေက ပြစ်တင် ခဲ့ကြတယ်။ လူမျိုးတုန်း သတ်ဖြတ်မှုတွေ အတွက် ဖေ့စ်ဘွတ်ခ်မှာ တာဝန်ရှိတယ်လို့တောင် ထောက်ပြ ခဲ့ကြတာ။ အမုန်းစကားတွေကို ၂၄ နာရီ အတွင်း ဖြုတ်ချနိုင်ဖို့ ဘာလို့ မစွမ်းဆောင် နိုင်ခဲ့တာလဲ" ဆိုပြီး မစ္စတာ လီဟီက မေးခွန်း ထုတ်သွားတာ ဖြစ်ပါတယ်။

မာ့ခ်ဇတ်ကာဘတ်ဂ် တုံ့ပြန် တာကတော့ …..

"ကျနော်တို့ ကြိုးစား နေပါတယ်။ အတိအကျ ပြောရရင် ကျနော်တို့ လုပ်ဆောင် နေတာ ၃ မျိုး ရှိတယ်။ ပထမ တစ်ချက်ကတော့ မြန်မာ စကားပြောဆို နားလည်တဲ့ စောင့်ကြည်သူတွေ ကို ဒါဇင်နဲ့ ချီပြီး ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ထပ်မံ ငှားရမ်း အလုပ်ခန့် နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖေ့ဘုတ်ခ် တည်ထောင်သူကို ဆီးနိတ်အမတ်တွေ ခေါ်တွေ့

ဒုတိယ တစ်ချက်ကတော့ အမုန်း တရား ဖြန့်ချီသူတွေဟာ ဘယ်သူတွေလည်း ဆိုတာ သိနိုင်ဖို့ မြန်မာနိုင်ငံထဲက အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ပါတယ်၊ တင်လာတဲ့ ပို့စ်တချို့ကို ဖြုတ်ချဖို့ မဟုတ်ပဲ အကောင့် တစ်ခုလုံး ပိတ်ပစ် နိုင်အောင်လို့ပါ။

တတိယ တစ်ချက် ကတော့ …. မြန်မာ နိုင်ငံနဲ့ ပတ်သက်လို့ အနာဂတ်မှာလည်း ဒီလို ကိစ္စမျိုးတွေကို တင်ကြို ဟန့်တားနိုင်တဲ့ နည်းပညာ ဆိုင်ရာ ပြင်ဆင် ပြောင်းလဲဖို့ လုပ်ဆောင် နေတယ်" ဆိုပြီး ဖေ့စ်ဘွတ်ခ်ပိုင်ရှင် မစ္စတာ ဇတ်ကာဘတ်ဂ်က ပြောသွားပါတယ်။

ကြားနာပွဲ ပထမပိုင်း အပြီးမှာတင်၊ စတော့ စျေးကွက်ထဲ ဖေ့စ်ဘုတ် ရဲ့ တန်ဖို့ ၅% နီးပါး မြင့်တက် သွားတာကို ကြည့်ရင် ဒီ ကြားနာပွဲကို တိုက်ရိုက်ကြည့်ရှု နေကြတဲ့ လူအများက မစ္စတာ ဇတ်ကာဘတ် ထွက်ဆို နေတာတွေ အပေါ် ယုံကြည် လက်ခံပြီး သဘောတကျ ရှိတာကို တွေ့ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်

ဆက်စပ် အကြောင်းအရာများ