ငါးခူရ ဟိန္ဒူရွာမှာ မီးအကြီးအကျယ် လောင်

ဓာတ်ပုံ မူပိုင် Narinjara
Image caption တရွာလုံး ပြာပုံ ဖြစ်သွားခဲ့

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ တည်ရှိတဲ့ ငါးခူရ ဟိန္ဒူကျေးရွာမှာ မီးအကြီးအကျယ် လောင်တဲ့ အတွက် အိမ်ခြေ ၆၅ လုံး မီးထဲပါသွားပြီး လူပေါင်း ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ် လို့ သိရပါတယ်။

ငါးခူရမှာ သေနတ်သံတွေ ကြားရပြီး မီးလောင်မှု ဖြစ်

သတင်းသမား တွေနဲ့ တွေ့ခဲ့အပြီး ငါးခူရရွာသား အသတ်ခံရ

မောင်တော က ဆရာတွေ နေတဲ့ အဆောင် ထပ်မံ မီးရှို့ခံရ

ဓာတ်ပုံ မူပိုင် JOE FREEMAN
Image caption မြိုတွေအတွက် ထူထောင်ရေးစခန်း

အခု မီးလောင်တဲ့ ငါးခူရ ဟိန္ဒူကျေးရွာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နီးကပ်စွာ တည်ရှိပြီး ပြန်ဝင်လာသူတွေကို လက်ခံမယ့် လက်ခံရေး စခန်းတခုလည်း ဒီကျေးရွာမှာ တည်ရှိပါတယ်။

အိမ်ခြေ ၈ဝ ခန့်မှာ အိမ်ခြေ ၆၅ လုံး မီးထဲ ပါသွားတဲ့ အတွက် တရွာလုံး ပြာပုံ ဖြစ်သွားခဲ့တယ်လို့ ငါးခူရ ကျေးရွာက ဟိန္ဒူ အမျိုးသား ဦးစန်ဝင်းက ပြောပါတယ်။

မီးကြွင်းမီးကျန်က လောင်တဲ့ ပေါ့ဆမီးဖြစ်တယ် လို့လည်း ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူ အနည်းအပါးသာ ရှိတယ်လို့လည်း သိရပါတယ်။

ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ဆက်လက် ကယ်ထုတ်

မောင်တောမြို့ ပတ်လည်မှာ တိုက်ပွဲတွေ ပြင်းထန်

လေအရမ်းတိုက်တဲ့ အတွက် မီးသတ်ကားတွေ မီးငြှိမ်းသတ်ရာ မှာ ခက်ခက်ခဲခဲ ငြှိမ်းသတ်ခဲ့ကြရတယ်လို့ သိရပါတယ်။

အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတဲ့ လူ ၄၀၀ ကျော်ကို ငခူရ အထက်တန်းကျောင်းနဲ့ ကွင်းပြင်မှာ ယာယီရွက်ဖျင်တဲတွေထိုးပြီး နေရာချပေးထားတယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ