ကားလ်မာ့က်စ် နှစ် ၂ဝဝ ပြည့် ရန်ကုန်မှာ ကျင်းပ

Image caption ကွန်မြူနစ် နဲ့ ဆိုင်တဲ့ အခမ်းအနားတွေ ကျင်းပ ခွင့် မရခဲ့တာ ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့် ခဲ့

မေလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကွန်မြူနစ် တွေးခေါ် ပညာရှင် ကားလ် မာ့က်စ် ရဲ့ မွေးနေ့ နှစ် ၂၀၀ ပြည့် အခမ်းအနား ကို ကမ္ဘာ့ နိုင်ငံ အချို့မှာ ကျင်းပ ခဲ့သလို ရန်ကုန် မြို့မှာလည်း ပြန်လည် ကျင်း ပ ခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ ကွန်မြူနစ် နဲ့ ဆိုင်တဲ့ အခမ်းအနားတွေ ကျင်းပ ခွင့် မရခဲ့တာ ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့် ခဲ့ပြီးမှ ရန်ကုန် တက္ကသိုလ် ထဲက ဝိဇ္ဇာ ခန်းမမှာ ကွန်မြူနစ် အခမ်းအနား ကို ကျင်းပ ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် HARALD TITTEL
Image caption ကားလ်မာ့က်စ် ကြေးရုပ် ဂျာမနီမှာဖွင့်

အဲဒီ အခမ်းအနား မှာ ကွန်မြူနစ် ဝါဒ အကြောင်း စာတမ်း ဖတ်ကြား ခဲ့တဲ့ ဒေါက်တာ ဆွေသက်ဇော် ကတော့ ကားလ်မာ့က်စ် ရဲ့ ဝါဒ တွေက လူငယ် တွေ ကြားမှာ ရှင်သန် နေဆဲလို့ ပြောပါတယ်။

မြန်မာ နိုင်ငံမှာ လူတန်းစား ကွဲပြားမှု၊ အလုပ်သမား အရေး နဲ့ မြေယာ သိမ်းဆည်းမှုတွေ ကြောင့် ဒုက္ခရောက်နေတဲ့ တောင်သူ လယ်သမား တွေ က ရှိနေဆဲ ဖြစ်ပြီး ဖိနှိပ်မှု၊ ချယ်လှယ်မှုတွေ ရှိနေဆဲ ဖြစ်နေသရွေ့ မာ့က်စ် ဝါဒ က ရှိနေဦးမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒီမိုကရေစီ နဲ့ လစ်ဘရယ် ဝါဒ တွေက နည်းမျိုးစုံ နဲ့ မြန်မာ နိုင်ငံ ကို ဝင်ရောက် လျက် ရှိပြီး မာ့က်စ် ဝါဒ ကို လေ့လာ နေကြတဲ့ လူငယ်တွေ အကြားမှာ အချင်းချင်း ဆက်သွယ် နိုင်စေဖို့ အခမ်းအနား ကျင်းပ ခဲ့တာလို့ စီစဉ် သူ တယောက်က ပြောပါတယ်။

ပြည်တွင်းစစ် အနှစ် ၇ဝ

ဗကပ ပြည်တွင်းမှာ ရပ်တည်ခွင့် ရှိလာနိုင်မလား

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တရုတ် ကွန်မြူနစ် ပါတီဝင်တွေအတွက် ပညာပေးခရီး
ဓာတ်ပုံ မူပိုင် FACUNDO ARRIZABALAGA
Image caption လန်ဒန်က မာ့က်စ်အုတ်ဂူမှာ လာစုဝေးကြ

မြန်မာ နိုင်ငံမှာ စစ်အာဏာရှင် အဆက်ဆက် က ကွန်မြူနစ် ဝါဒ ကို ပုံဖျက်ပြီး ပြောဆို ဖြန့်ချိ မှုတွေ လုပ်ခဲ့တာကြောင့် အဆက်ပြတ် သလို ဖြစ်ခဲ့ပြီး အခုချိန်မှ စိတ်ဝင်စားသူ ကျောင်းသား လူငယ်တွေ က မာ့က်စ် ဝါဒ အခမ်း အနား တွေ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

အနှစ် ၃ဝ က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ

ဆွစ်ဇာလန်မှာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဆန့်ကျင်ဆန္ဒပြ

အရပ်သား အစိုးရ လက်ထက်မှာ ကွန်မြူနစ် အခမ်းအနား ကို ကျင်းပခွင့် ရရှိလာတဲ့ ကိစ္စကလည်း ထူးခြားတယ်လို့ လူတွေက ပြောကြပါတယ်။

ဓာတ်ပုံ မူပိုင် PATRIK STOLLARZ
Image caption ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ယန်ကာ မာ့က်စ် နှစ် ၂ဝဝ ပွဲတက် စကားပြော

ကားလ်မာ့က်စ်ရဲ့ နှစ် ၂ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် ဂျာမနီနိုင်ငံမှာရှိတဲ့ သူရဲ့ မွေးရပ်မြေ ထရီးယား မှာ မာ့က်စ်ရဲ့ပုံတူ ကြေးရုပ်တုတခုကို ဖွင့်လှစ်လိုက်ပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်က ဒီရုပ်ထုကို လက်ဆောင် ပေးလိုက်တာလို့လည်း ဆိုပါ တယ်။

ဒီဖွင့်ပွဲကို တက်ရောက်လာတဲ့ တရုတ်အရာရှိက တရုတ်နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် မာ့က်စ်ရဲ့ ဝါဒတချို့ကို အသုံးချခဲ့တယ်လို့ ပြောပါတယ်။

သမ္မတ ရှီကျင့်ဖျင်ကတော့ မာ့က်စ်ဝါဒက တိုင်းပြည်အပေါ် အကောင်းဆုံး အကျိုးပြုခဲ့သလို တရုတ်နိုင်ငံသားတွေကမာ့က်စ်ရေးတဲ့ စာအုပ်တွေကို ဖတ်သင့်တယ်လို့ ပြောပါတယ်။

ကွန်မြူနစ်ပါတီဝင်တွေ မာ့က်စ်ရေးတာတွေကို လက်ခံဖို့ လိုသလို မတ်စ်ရဲ့ သီအိုရီတွေကိုလည်း ဘဝရဲ့လမ်းကြောင်းတခုလို နားလည်ဖို့ လိုတယ်လို့ သူက ပြောသွားပါတယ်။

မာ့က်စ်ဟာ ကွန်မြူနစ်ကြေညာ စာတမ်းနဲ့ အရင်းကျမ်းကို ရေးသားခဲ့ပြီး သူရဲ့ အတွေးအခေါ်တွေက ယနေ့ထိ လွှမ်းမိုးနေဆဲ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ