ငြိမ်းချမ်းရေးဆန္ဒပြသူ ၂ ဦး ထောင် ၂ လစီ ချခံရ

Image caption ငြိမ်းစုစီ ဥပဒေက ပြဋ္ဌာန်း ထားတဲ့ အတိုင်း ကြိုတင်အသိမပေးဘဲ ဆန္ဒပြခဲ့ ကြ

ပြည်တွင်းစစ်ရပ်စဲဖို့နဲ့ တိုက်ပွဲကြားပိတ်မိ ပြည်သူတွေကို ကယ်ထုတ်ဖို့ နိုင်ငံတဝန်းက မြို့ကြီးတချို့မှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးနောက် တရားစွဲ ခံခဲ့ကြရသူတွေ ထဲက ကိုအောင်မှိုင်းဆန်းနဲ့ ကိုစိုးမိုးနိုင်ကို မန္တလေး ချမ်းအေး သာစံ မြို့နယ် တရားရုံး ကမေလ ၂၂ ရက်နေ့က ထောင်ဒဏ် ၂ လစီ ချမှတ် လိုက်ပါတယ်။

မန္တလေးမြို့ပေါ်မှာ ပြည်တွင်း စစ်ရပ်စဲဖို့ ဆန္ဒပြတဲ့ အတွက် ဖမ်းဆီး ခံထားရသူက ၅ ယောက် ရှိပြီး စုစုပေါင်း တရားစွဲ ခံထားရသူ ၄၄ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

လူစုခွဲရာမှာ အရပ်ဝတ် မသုံးခဲ့လို့ ရဲချုပ်ပြော

ရန်ကုန် စစ်ရပ်စဲရေး ဆန္ဒပြသူ တချို့ကို ဖမ်းဆီး

အဲဒီထဲက ကဗျာဆရာ ကိုကလင့် ကို မေလ ၉ ရက်နေ့က ပဲ နေ့ချင်းပြီး တရား စီရင်ခဲ့ ပြီးနောက် ငြိမ်းချမ်းစွာ စုဝေးခွင့် နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ထောင်နှစ်လ ချခဲ့ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုအောင်မှိုင်းဆန်းနဲ့ ကိုစိုးမိုးနိုင် အဲဒီနေ့က ဖြစ်စဉ်မှာ ပါခဲ့ကြတာ ဖြစ်ပြီး အခုမှ ပုဒ်မ ၁၉ နဲ့ပဲ ထောင် ၂လ ချလိုက်တာပါ။

မြန်မာနိုင်ငံမှာ အစိုးရ နှစ်ရပ် ရှိသလို ဖြစ်နေပြီး အုပ်ချုပ်ရေးပိုင်းက ငြိမ်းစုစီ ဥပဒေကို လိုသလို အသုံးချနေတယ်လို့ ချမ်းအေး သာစံမြို့နယ် တရားရုံးက စီရင်ချက် ချအပြီးမှာ ကိုအောင်မှိုင်းဆန်း က ပြောခဲ့ပါတယ်။

ငြိမ်းစုစီ ဥပဒေက ပြဋ္ဌာန်း ထားတဲ့ အတိုင်း ကြိုတင်အသိမပေးဘဲ သူတို့ ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်။

တနိုင်းတိုက်ပွဲ အတွင်းက ထောင်ချီတဲ့ ဒေသခံတွေ အကူအညီ မရသေး

ဓာတ်ပုံ မူပိုင် THEINT MON SOE
Image caption ရန်ကုန်ဆန္ဒပြပွဲ အတင်းအကျပ်ဖမ်းဆီးခဲ့

အဲဒီ ဥပဒေဟာ ပြည်သူတွေ လုပ်သမျှ အာဏာပိုင် တွေက သူတို့ကို အသိပေး စေချင်လို့ သူတို့ ခွင့်ပြုမှလုပ်ဆိုတဲ့ သဘောမျိုး ဖြစ်စေချင်လို့ သက်သက် ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်ပြီး ပြဋ္ဌာန်းစရာ မလိုတဲ့ ဥပဒေလို့ ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။

ငြိမ်းစုစီ ပုဒ်မနဲ့ အရေးယူခံခဲ့ရသူတွေထဲမှာ မြစ်ကြီးနားမှာ သပိတ်စခန်း ဖွင့်လို့ ဒဏ်ငွေ ၃ သောင်း ချခံရသူက သုံးယောက်၊ ရန်ကုန်၊ မန္တလေး ၊ မြင်းခြံ ၊ နတ္တလင်း စတဲ့ မြို့တွေမှာ နောက်ထပ် ၄၄ ယောက် တရားစွဲ ခံထားရပြီး ၃ယောက် ထောင်ချ ခံရပြီး ဖြစ်တယ်လို့ ဒီဖြစ်စဉ်တွေကို စောင့်ကြည့်နေတဲ့ ဘားမား မော်နီတာအဖွဲ့ရဲ့ စာရင်းက ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ