နုတ်ထွက်သွားတဲ့ စီမံဘဏ္ဍာဝန်ကြီးနေရာအတွက် သမ္မတ အဆိုပြု

Image caption Deloitte ရဲ့ မြန်မာပြည် ဌာနေ ဦးစိုးဝင်း

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နုတ်ထွက်သွားတဲ့ စီမံကိန်း နဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းနေရာမှာ Deloitte Touche Myanmar Vigour Advisory Limited မှာ အလုပ်လုပ်ကိုင်နေတဲ့ ဦးစိုးဝင်း ကို အစားထိုး ခန့်အပ်ဖို့ သမ္မတက အဆိုပြုလိုက်ပါတယ်။

သမ္မတ ဦးဝင်းမြင့်က သမ္မတရုံးကို ပေးပို့တဲ့ ကိုယ်ရေးအကျဉ်းမှာတော့ စီမံဘဏ္ဍာဝန်ကြီးသစ်ဖြစ်လာမယ့် ဦးစိုးဝင်းဟာ အသက် ၈၀ ရှိပြီ ဖြစ်ပြီး Deloitte မှာ မြန်မာပြည် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိုယ်စားလှယ် Country Managing Partner အဖြစ် တာဝန်ယူထားသူလို့ ဖော်ပြထားပါတယ်။

ဦးစိုးဝင်းဟာ အန်န်အယ်လ်ဒီရဲ့ ဗဟို စီးပွားရေးကော်မတီမှာ အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။

သမ္မတသစ် ဦးဝင်းမြင့် လက်ထက် ပထမဆုံး အကြိမ် ရာထူးက နုတ်ထွက်သွားတဲ့ ဝန်ကြီးဟောင်း ဦးကျော်ဝင်းကတော့ အဂတိလိုက်စားမှု နဲ့ တိုင်ကြားခံ ထားရတဲ့အတွက် စစ်ဆေးနေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က မေလ ၂၃ ရက်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဘီဘီစီ တဝန်း