ဒုက္ခသည်စခန်းက ခွင့်ပြုချက်မရှိဘဲ ထွက်လို့ လူဝင်မှု ဥပဒေနဲ့ ထောင်ချ

burma

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ,

NVC ကတ် ကိုင်ထားသူတွေ လွတ်လွတ်လပ်လပ် သွားခွင့်ရှိတယ်ဆို

ကျောက်ဖြူမြို့နယ်က ကျောက်တလုံး ဒုက္ခသည်စခန်းကနေ ခွင့်ပြုချက်မရှိဘဲ ရန်ကုန်ကို ထွက်လာလို့ ဆိုပြီး အဲဒီစခန်းက လုပ်အားပေးကျောင်းဆရာမတယောက်ကို လူဝင်မှု ဥပဒေနဲ့ ဖမ်းဆီးထောင်ချလိုက်ပါတယ်။

လုပ်အားပေးကျောင်းဆရာမ မလှဖြူကို ခွင့်ပြုချက်မရှိဘဲ ခရီးသွားတယ် ဆိုပြီး ဥပဒေပုဒ်မ ၆(၃) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တနှစ်ချပြီးတော့ သံတွဲမြို့အကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။

ဒီဥပဒေက ၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး နိုင်ငံထဲမှာ နေသူတွေကို မှတ်ပုံတင်နဲ့ ပတ်သတ်လို့ မမှန်ကန်တဲ့ အချက်ကိုဖော်ပြရင်ဖြစ်ဖြစ်၊ သူများမှတ်ပုံတင်ကို ယူဆောင်ကိုင်ယူရင်ဖြစ်ဖြစ်၊ ဆင်တူယိုးမှား အတုလုပ်ကိုင်ရင် ဖြစ်ဖြစ် ချမှတ်လို့ရတဲ့ ပုဒ်မ ဖြစ်ပါတယ်။

အခု အဖမ်းခံရတဲ့ မလှဖြူက နိုင်ငံသားစိစစ်မှုသက်သေခံ ကတ်ပြားကို ကိုင်ထားသူ ဖြစ်ပြီးတော့ ခရီးသွားတဲ့အချိန်က ပါမသွားခဲ့ဘူးလို့ ကျောက်တလုံး ဒုက္ခသည်စခန်းက ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဖြူချေက ပြောပါတယ်။

ဒီခရီးမသွားခင်ကတည်းက ခရီးသွားဖို့အတွက် ခွင့်ပြုချက်တင်ထားပေမယ့် သက်ဆိုင်ရာဘက်က ဘာအကြောင်းပြန်ချက် တစုံတရာမရှိတာကြောင့် အလုပ်လုပ်ဖို့ ထွက်သွားရင်းဒီလို အဖမ်းခံရတာဖြစ်တယ်လို့ ဦးဖြူချေက ဘီဘီစီကို ပြောပါတယ်။

မလှဖြူတို့ မိသားစုဟာ အရင်က ကျောက်ဖြူမြို့ အနောက်ဘက်က တိုးချဲ့ရပ်ကွက်မှာ နေခဲ့ပြီးတော့ ၂ဝ၁၂ လူမျိုးရေး ပဋိပက္ခတွေကြောင့် ကျောက်တလုံး ဒုက္ခသည် စခန်းကို ပြောင်းရွှေ့နေထိုင်ခဲ့ရသူတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဒုက္ခသည်စခန်းမှာ နှစ်ချီနေကြရ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

တက္ကသိုလ်တက်ဖို့ စောင့်ရင်း လုပ်အားပေးဆရာမ လုပ်

မလှဖြူဟာ ကျောက်ဖြူမြို့ အခြေခံပညာ အထက်တန်းကျောင်းမှာ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ စောင့်ရင်း လုပ်အားပေးကျောင်းဆရာမ လုပ်နေသူလည်းဖြစ်ပါတယ်။

တရားရုံးတင်ပြီး နှစ်ရက်အတွင်း ထောင်ချလိုက်တာဖြစ်ပြီး မိသားစုက မလှဖြူကို ခုချိန်ထိတွေ့ဖို့ အဆင်မပြေသေးပါဘူး၊ ဖြစ်နိုင်ရင် အမလုပ်သူကိုတွေ့ချင်တယ်လို့ ကျောက်တလုံး ဒုက္ခသည်စခန်းမှာ နေတဲ့ မလှဖြူရဲ့ ညီမ မလှလှဖြူက ဘီဘီစီကို ပြောပြပါတယ်။

ရခိုင်ပဋိပက္ခတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ အစ္စလာမ် ဘာသာဝင်တွေကို နိုင်ငံသားအဖြစ် စိစစ်ဖို့ NVC ကတ်တွေကို ထုတ်ပေးခဲ့ပါတယ်။ ဒီလို ထုတ်ပေးပြီးတဲ့နောက် NVC ကတ်ကို ကိုင်ထားသူတွေက လွတ်လွတ်လပ်လပ် သွားခွင့်ရှိတယ်၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာ သင်ယူခွင့်တွေပါ ခွင့်ပြုမယ်လို့ လည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောခဲ့ပါတယ်။

ဒါပေမယ့် အခု NVC ကတ် ကိုင်သူတွေကို နိုင်ငံသားအခွင့်အရေးပေးဖို့ လာပြီး စိစစ်တာတွေ မရှိသေးဘဲ ဒုက္ခသည် စခန်းတွေမှာပဲ ထားထားတဲ့အတွက် အမြန်ဆုံး စိစစ်ပြီး နိုင်ငံသားပေးစေချင်တယ်လို့ ဦးဖြူချေက ပြောခဲ့ပါတယ်။