ကြားဖြတ်ရွေးကောက်ပွဲ ပြည်ခိုင်ဖြိုး ဝင်မလား

ဓာတ်ပုံ မူပိုင် usdp facebook
Image caption ကြားဖြတ်ရွေး ကောက်ပွဲ ဝင်မယ် မဝင်ဘူး ဆိုတာ အခု အထိ မဆုံးဖြတ်ရသေး

ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ဇူလိုင်လ ၂ ရက်နေ့မှာ စတင် အမည် စာရင်သွင်းနိုင်ပြီး ဇူလိုင်လ ၁၁ ရက်နေ့ နောက်ဆုံး ရက် ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကကြေညာလိုက် ပါပြီ။

ဒါပေမယ့်လည်း ကြံ့ခိုင်ရေး ပါတီ ကတော့ ကြားဖြတ်ရွေး ကောက်ပွဲ ဝင်မယ် မဝင်ဘူး ဆိုတာ အခု အထိ မဆုံးဖြတ်ရသေး ဘူးလို့ ပါတီရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးပိုက်ထွေး ကပြောပါတယ်။

ဇွန်လလယ် ပိုင်း လောက်မှာတော့ ကြားဖြတ် ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူး ဆိုတာကို ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်။ ကြံခိုင်ရေးပါတီ အနေနဲ့ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ မှာတော့ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး ၂ နေရာ အနိုင် ရရှိခဲ့ ပါတယ်။

ကြံခိုင်ဖွံဖြိုးရေး ပါတီက ကြားဖြတ် ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူး မဆုံးဖြတ်ရသေးပေမဲ့ NLD ပါတီ အနေနဲ့ တော့ ကြားဖြတ် ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ် လောင်းတွေ စတင် ရွေးချယ်နေပါ ပြီ။

ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ် လောင်းတွေ ထဲမှာ အငြိမ်းစား အစိုးရ ဝန်ထမ်းတွေ လည်း ပါဝင် လာနိုင်တယ်လို့ ပါတီ ခေါင်းဆောင်တွေနဲ့ နီးစပ် သူတွေ ကပြောပါတယ်

တိုင်းရင်းသား ပါတီတွေ ထဲက ရခိုင် အမျိုးသား ပါတီ အနေနဲ့ ရခိုင် ပြည်နယ်မှာ ဝင်ရောက် ယှဉ်ပြိုင် ဖို့ ဆုံးဖြတ် ထားပေမဲ့ ကချင်ပြည်နယ် အခြေစိုက် ပါတီကြီး အချို့ ကတော့ ဝင်ပြိုင်ဖို့ စဉ်းစား နေတယ်လို့ တာဝန် ရှိသူ တွေကပြောပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပမှာ ဖြစ်သလို စုစုပေါင်း မဲဆန္ဒနယ် ၁၃ နေရာ ရှိပြီး ကချင်ပြည်နယ် ရခိုင် ပြည်နယ် ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီးတို ပါဝင် ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၂၀၁၅ ရွေးကောက်ပွဲ ၂ နှစ်ပြည့် အထူးအစီအစဉ်