ရေကြီးမြေပြိုလို့ စစ်တွေရန်ကုန် ကားလမ်းပိတ်နေ

Image caption ပိတ်နေတဲ့ နေရာ သုံးခု ဖြစ်ပြီး စစ်တွေ နဲ့ အမ်းအကြားမှာ ဖြစ်ပါတယ်

ရခိုင်ပြည်နယ်မှာ အဆက် မပြတ် မိုးရွာ သွန်းနေတဲ့ အတွက် စစ်တွေ- ရန်ကုန် ကားလမ်း နေရာ သုံးခု မှာ ရေလျှံပြီး မြေပြိုကျတဲ့ အတွက် လမ်းပိတ် နေပါ တယ်။

ဒီနေရာ သုံးခုမှာ မနှစ်ကလည်း ရေတက် ခဲ့ပြီး အခု ကတော့ ရေ ၃ ပေ လောက် တက်နေတယ်လို့ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောပါတယ်။

တနင်္ဂနွေ နေ့ ညနေ ၄ နာရီ လောက်မှာ ရေစတက် ခဲ့တာ ဖြစ်ပြီး၊ ကားတွေကို မသွားလာဖို့ ပိတ်ထား တယ်လို့လည်း သူက ပြောပါတယ်။

အခု ပိတ်မိ နေတဲ့ နေရာ သုံးခု ဖြစ်ပြီး စစ်တွေ နဲ့ အမ်း အကြားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မိုးတွေ အဆက် မပြတ် ရွာသွန်းတဲ့ အတွက် ကားလမ်း တော်တော် များ ပျက်စီး သွားခဲ့ရတဲ့ ကြောင်းကိုလည်း ဦးကိုကိုမြတ်က ပြောပါတယ်။

ရခိုင် ပြည်နယ် အတွင်း မိုးဟာ နောက်ထပ် ရက်ဆက် ရွာနိုင်တဲ့ အခြေ အနေတွေ ရှိနေတဲ့ အတွက် ရေကြီး ရေလျှံမှု ဖြစ်ပြီး၊ ရေနစ် မြုပ်မှုတွေ ဖြစ်မှာကို စိုးရိမ် နေကြ ပါတယ်။

ရေကြောင့် ခရီးသည်တွေ အန္တရာယ် မဖြစ်အောင် တားဆီး နေရာတာ ဖြစ်ပြီး၊ လမ်းတွေကို ပြုပြင် ရမယ့် အပိုင်းတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။

အမ်းကနေ မင်းဘူးသွားတဲ့လမ်းနဲ့ မအီဘက် သွားတဲ့ လမ်းတွေကတော့ ပွင့်သွားပြီလို့ ပြောပါတယ်။

ဒါပေမယ့်လည်း ရခိုင် ပြည်နယ် အတွင်း မိုးဟာ နောက်ထပ် ရက်ဆက် ရွာနိုင်တဲ့ အခြေ အနေတွေ ရှိနေတဲ့ အတွက် ရေကြီး ရေလျှံမှု ဖြစ်ပြီး၊ ရေနစ် မြုပ်မှုတွေ ဖြစ်မှာ ကို စိုးရိမ် နေကြ ပါတယ်။

ဆက်စပ် အကြောင်းအရာများ