ဇွန်လ ၂၆ ရက်နေ့ မနက်ပိုင်း အတွက် သိသင့်တဲ့ သတင်းတွေ

ဘုရားသခင်, ဝေဖန်,ဖိလစ်ပိုင်ဝန်ကြီးချုပ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဘုရားသခင်ကို မိုက်မဲသူလို့ ဝေဖန်ခဲ့

(၁) မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန် ၊ မန္တလေး နဲ့ တောင်ကြီးမြို့တို့မှာ အစိုးရက ဦးဆောင်ပြီး အမေရိကန်ဒေါ်လာ ၁၈၇ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖျက်ဆီးခဲ့

(၂) မြန်မာကိုရောက်နေတဲ့ အိုင်စီအာရ်စီ ကြက်ခြေနီအဖွဲ့ ဥက္ကဌ ပီတာမော်ရာဟာ ရခိုင်ပြည်နယ်ကို ဒီကနေ့ သွားရောက်နေပါတယ်

(၃) မက္ကစီကိုနယ်စပ်တဆင့် ကလေးတွေနဲ့အတူ အမေရိကန်ထဲ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူတွေကို တရားစွဲဆိုမှုကို ခေတ္တရပ်ထားတယ်လို့ အမေရိကန်ရဲက ပြော

(၄)၂၁ ပင်လုံ တတိယအကြိမ်မြောက် အစည်းအဝေးကို လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်

(၅) အစိုးရဘက်က မူးယစ်တိုက်ဖျက်ရေးနေ့ အခမ်းအနားတွေ ကျင်းပသလို တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအခမ်းအနားတွေ ကျင်းပနေ

ဓာတ်ပုံ ရင်းမြစ်, Loi Kaw Wann

ဓာတ်ပုံ ပုံစာ,

အစိုးရဘက်က မူးယစ်တိုက်ဖျက်ရေးနေ့ အခမ်းအနားတွေ ကျင်းပသလို တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအခမ်းအနားတွေ ကျင်းပနေ

(၆) ကမ္ဘာ့ ဖလား အုပ်စု (ခ) နောက်ဆုံးပွဲစဉ်မှာ စပိန် ၊ ပေါ်တူဂီတို့အနေနဲ့ ပြိုင်ဘက်တွေနဲ့ သရေကျပေမယ့် အုပ်စုတက်ခဲ့

(၇) ဘုရားသခင်ကို မိုက်မဲသူ ဆိုပြီး ဝေဖန်ခဲ့တဲ့အတွက် ဖိလစ်ပိုင် သမ္မတ ဒူတာတေး ကို ဖိလစ်ပိုင်က ကက်သလစ်တွေက စိတ်ဆိုးနေကြ