ဇူလိုင် ၉ ရက်နေ့ မနက်အတွက် သိမှတ်ဖွယ်ရာ သတင်းများ

ဓာတ်ပုံ မူပိုင် Sai Tun Aye
Image caption အပစ်ရပ် အာစီအက်စ်အက်စ် တပ်ဖွဲ့နဲ့ စစ်တပ်တို့အကြား ဇူလိုင်လ ၉ ရက်နေ့ နေ့လည်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားနေ

(၁) ဂူထဲမှာ ကျန်နေသူ ၉ ဦးကို ကယ်ထုတ်နိုင်ရေးအတွက် ဒုတိယနေ့ ကယ်ဆယ်ရေးအစီအစဉ်ကို ဇူလိုင်လ ၉ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ စတင်လိုက်ပါပြီ။

ကယ်ဆယ်ရေးသမားအရေအတွက်ဟာ ယမန်နေ့ကထက် ပိုများတယ်လို့ ချင်းရိုင်ဒေသအာဏာပိုင်တွေက ဇူလိုင်လ ၉ ရက်နေ့ နေ့လည်ပိုင်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဇူလိုင်လ ၈ နေ့ ညက မိုးရွာထားပေမယ့်လည်း ဂူထဲ ရေမဝင်တဲ့အတွက် ဇူလိုင် ၈ ရက်နေ့က လုပ်ခဲ့တဲ့ ကယ်ဆယ်ရေးအစီအစဉ်ထက် ပိုမိုမြန်ဆန်ပြီး အခြေအနေကောင်းနိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဂူထဲကနေ ကယ်ထုတ်ထားပြီးဖြစ်တဲ့ ကလေး ၄ ယောက်ရဲ့ နာမည်တွေကို မဖော်ပြနိုင်သေးဘူးလို့ ထိုင်းအာဏာပိုင်တွေက ဒေသစံတော်ချိန် ၃ နာရီမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီလို မဖော်ပြသေးတာဟာ အထဲမှာ ကျန်ရှိနေသေးတဲ့ ကလေးတွေရဲ့ မိသားစုတွေကို သက်ညှာတဲ့ အနေနဲ့ မဖော်ပြ မကြေညာရသေးတာလို့ ပြောပါတယ်။

(၂) ဂျပန်နိုင်ငံမှာ ဖြစ်ပွားတဲ့ ရေကြီးမြေပြိုမှုတွေကြောင့် အနည်းဆုံး သေဆုံးသူ ဦးရေဟာ ၁၀၀ လောက်ရှိလာခဲ့တယ်လို့ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ စံချိန်တင်မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် နိုင်ငံအနောက်ပိုင်းမှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ခဲ့တာပါ။ လူဦးရေ ၅၀ ထက်မနည်းဟာ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ယုံကြည်ရကြောင်း ဂျပန်တိုင်မ်းသတင်းကလည်း ရေးသားဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစလို့ ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုကို ၃ ကြိမ်လောက်ကြုံခဲ့ရပါတယ်။ မြစ်ကမ်းတွေနားနဲ့ အနိမ့်ပိုင်းမှာနေထိုင်သူ ၁ ဒဿမ ၅ သန်း လောက်ကို နေရပ်ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မြစ်ကမ်းတွေနားနဲ့ အနိမ့်ပိုင်းမှာနေထိုင်သူ ၁ ဒဿမ ၅ သန်း လောက်ကို နေရပ်ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့ရ

(၃) မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းဒေသမှာ အပစ်ရပ် အာစီအက်စ်အက်စ် တပ်ဖွဲ့နဲ့ စစ်တပ်တို့အကြား ဇူလိုင်လ ၉ ရက်နေ့ နေ့လည်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ လွန်ခတဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စောင့်ကြည့်မှု ဆိုင်ရာ ပူးတွဲကော်မတီ အစည်းအဝေးမှာ ရှမ်းပြည် အနှံ့က အာစီအက်စ်အက်စ်တပ်တွေ ထိုင်းမြန်မာ နယ်စပ်ကို ဆုတ်ပေးဖို့ စစ်တပ်က ညွှန်ကြားခဲ့ပြီးနောက်မှာ ရှမ်းတောင်နဲ့ ရှမ်းမြောက် ဆက်သွယ်တဲ့ မဟာဗျူဟာ လမ်းကြောင်းဖြစ်တဲ့ ရှမ်းအလယ်ပိုင်းဒေသမှာ တိုက်ပွဲဖြစ်လာခဲ့တာဖြစ်ပါတယ်။

(၄) မြန်မာတရုတ်နှစ်နိုင်ငံ စီးပွားရေး စင်္ကြန်လမ်းဖောက်လုပ်မဲ့အစီအစဉ်တွေနဲပတ်သက်လို နှစ်ဖက်တာဝန် ရှိသူတွေဆွေးနွေးလို ့ပြီးသွားပြီးလို ့တာဝန်ရှိသူတွေက ပြောပါတယ် ။ ဒီစီးပွားရေးစင်္ကြန်လမ်းဟာ တရုတ်အစိုးရရဲ့ရပ်ဝန်းတစ်ခု လမ်းကြောင်းတခုစီမံကိန်းရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ ့တရုတ်နိုင်ငံကိုသွားရောက်တဲ့အချိန်တုန်းက ဒီစီမံကိန်း လုပ်ဆောင်ဖို ့မူ ့အရအဘောတူခဲ့ပါတယ်။

အဲဒီနောက်မှာတော့ လုပ်ဆောင်မယ့် စီမံကိန်းတွေနဲ့ ပတ်သတ်လို့ နှစ်ဖက်အစိုးရ တာဝန်ရှိသူတွေ အပြန်အလှန် ဆွေးနွေးညှိနှိုင်း ခဲ့ကြပြီး အခုမှာတော့ ဆွေးနွေးလို့ ပြီးသွားပြီလို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောပါတယ်။ စင်္ကြန်လမ်းအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မဲ့ကိစ္စတွေထဲမှာ အခြေခံအဆောက်အဦးဖွံဖြိုးရေး အသေးစားအလတ်စားစီးပွါးရေးလုပ်ငန်းများဖွံဖြိုးတိုးတက်ရေး စက်မူ ့ဇုံဖွံ ့ဖြိုးရေးလမ်းတံတား တည်ဆောက်ရေး စိုက်ပျိုးရေးမွေးမြူရေး ပညာရေး ၊ကျန်းမာရေး အပါအဝင်စုစုပေါင်း ၁၅ ခု ခန် ့ရှိပါတယ်။ ဒီစီးပွားရေးးစင်္ကြန်လမ်းကို အားအဖြစ် အသုံးချပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမူ ့တွေကိုဖိတ်ခေါ်မှာဖြစ်တယ်လို ့လဲ ဦးမင်းဇော် ဦးကပြောပါတယ်။

(၅) ဇူလိုင်လ ၁၁ ရက်နေ့မှာ စတင်မယ့် ၂၁ ပင်လုံ တတိယအကြိမ် ဆွေးနွေးပွဲတွေကို လာတက်တဲ့ အပစ်ရပ်နဲ့ အပစ်မရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြီးမှူးပြီး လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့ညမှာ ညစာနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။