ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်း သိထားသင့်တဲ့သတင်းများ

Image caption ၂၁ ရာစုပင်လုံတက်ရောက်လာတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ

၁။နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲ့ ယနေ့ညနေပိုင်းမှာ တွေဆုံ ဆွေးနွေးသွားဖို့ရှိပါတယ်။လက်ရှိ ကျင်းပနေတဲ့ တတိယအကြိမ် ပင်လုံညီလာခံကို တက်ရောက်လာ တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတွေ့ဆုံကြဖို့ ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့က ဖိတ်ခေါ်ခဲ့တာပါ။

၂။ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်အနေနဲ့ ပြည်တွင်းမှာ ပညာရေးဝန်ဆောင်မှု လုပ်ငန်းတွေလုပ်ကိုင်ဖို့ နိုင်ငံတကာသင်ရိုးသင်ပုဂ္ဂလိက ကျောင်းတစ်ခုဖြစ်တဲ့ ILBC ကို စတင်ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာစေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်က ဧပြီ ၂၀ ရက်ကတည်းကအမိန့်ကြော်ငြာစာထုတ်ပြန်ကာ ဖိတ်ခေါ်ခဲ့ တာဖြစ်ပြီး ပထမဆုံးအနေနဲ့ ILBC ကို စတင်ခွင့်ပြုပေးလိုက်တာလည်းဖြစ်ပါတယ်။

၃။မြန်မာနိုင်ငံက ပြည်ထဲရေးနဲ့ လဝကအရာရှိကြီးတွေကို အမေရိကန်ကပြည်ဝင်ခွင့်ဗီဇာပိတ်ပင် လိုက်ပါ တယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ရွှေ့ပြောင်းတွေကို ပြန်လည်လက်ခံဖို့ကို မြန်မာဘက်က ငြင်းဆန်ခဲ့တဲ့အတွက် မြန်မာနိုင်ငံအစိုးရ ဝန်ကြီးဌာနတွေဖြစ်တဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေက အကြီးတန်းအရာရှိကြီးအချို့ကို အမေရိကန် အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗိုလ်လုပွဲ မှာ ခရိုအေးရှားနဲ့ ပြင်သစ်အသင်းတို့တွေ့ဆုံကြတော့မှာဖြစ်

၄။ခရိုအေးရှားဟာ အင်္ဂလန်အသင်းကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားတဲ့အတွက် ဇူလိုင် ၁၅ရက်နေ့မှာ ကျင်းပသွားမဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာ ခရိုအေးရှားနဲ့ ပြင်သစ်အသင်းတို့တွေ့ဆုံကြတော့မှာဖြစ်ပါတယ်။

၅။ တိုင်ဖွန်းမုန်တိုင်း မာရီယာဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ဖူးကျန့်ပြည်နယ်၊ လင်ကျန်း စီရင်စုနယ်ထဲကနေ တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ