Burma Debate
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သိမ်းဆည်းထားတဲ့ လယ်ယာမြေ ပြန်ပေးရေး နှောင့်နှေးနေတာ ဘာကြောင့်လဲ

မြန်မာနိုင်ငံမှာ အရင်စစ်အစိုးရ လက်ထက်က သိမ်းဆည်းထားတဲ့ လယ်ယာမြေပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းပေးဖို့နဲ့ လယ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ အစိုးရကို တောင်းဆိုထားတဲ့ အစီရင်ခံစာ တစ်စောင်ကို Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ က ထုတ်ပြန်လိုက်ပါတယ်။

သမ္မတဦးဝင်းမြင့်ကလည်း အစိုးရသစ်ရဲ့ (၂) နှစ်တာ ကာလအတွင်း တိုင်ကြားစာတွေကို စိစစ် ဆောင်ရွက်မှု အားနည်းနေပြီး ပြန်လည်စွန့်လွှတ်မြေများကိုလည်း မူလပိုင်ရှင်ထံသို့ ပြန်ပေးဖို့ နှောင့်နှေးကြန့်ကြာနေတာကို တွေ့ရတယ်ဆိုပြီး ပြီးခဲ့တဲ့လက လုပ်ခဲ့တဲ့ လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။

ဒီတော့ သိမ်းဆည်း လယ်ယာမြေတွေ အခုထိ ပြန်မပေးနိုင်သေးတာ ဘာအခက်အခဲတွေရှိနေလို့လဲ၊ ဒီပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ စတာတွေနဲ့ပတ်သက်လို့

အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မီတီ၀င် ဦးမောင်မောင်ဆွေ၊ မကွေးတိုင်းလယ်ယာမြေစိစစ်ရေးကော်မီတီဝင် ဦးအောင်ကျော်ကျော် နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဗဟို ဥက္ကဌ ဒေါ်စုစုနွေး တို့က ဦးဘမော်နဲ့ အတူပါဝင်ဆွေးနွေးထားကြပါတယ်။

ဆက်စပ် အကြောင်းအရာများ