ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းသိထားသင့်တဲ့ သတင်းများ

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုကြိုဆိုဖို့စောင့်ဆိုင်းနေတဲ့ ဘားအံမြို့ခံပြည်သူများ

ဓာတ်ပုံ ရင်းမြစ်, SAW CHAINT PHAUNG

ဓာတ်ပုံ ပုံစာ,

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုကြိုဆိုဖို့စောင့်ဆိုင်းနေတဲ့ ဘားအံမြို့ခံပြည်သူများ

ဖားကန့် မြေပြိုမှုက သေဆုံးသူ ၆ဦးရဲ့ ရုပ်အလောင်းတွေထပ်မံပေါ်လာ

ဇူလိုင်လအတွင်းမှာပဲ ဒုတိယအကြိမ်အဖြစ် ဖားကန့်မြေပြိုမှု ဖြစ်စဉ်မှာ သေဆုံးသူ ၆ ဦးရဲ့ရုပ်အလောင်းတွေ ဒီကနေ့ ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ဦးကျော်ကျော်မောင်ကို သက်တမ်းတိုးဖို့အဆိုပြု

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ နဝမပုံမှန်အစည်းအဝေးမှာ သက်တမ်းကုန်ဆုံးပြီဖြစ်တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ရာထူးနေရာမှာ အရင်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် ကိုပဲ သက်တမ်းတိုးပြီး ထပ်ခန့်ဖို့ အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘားအံမြို့ကိုရောက်ရှိ

ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်ဖို့ ဘားအံမြို့ကိုသွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ဘားအံမြို့ ကိုရောက်ရှိစဉ်မှာ ရွှေယဉ်မျှော် ပြည်တော်ဧ စေတီတော်မှာ ဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေး စခန်းကရေဘေးသင့်ပြည်သူတွေဆီ ကို သွားရောက်ခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ပါကစ္စတန်ရွေးကောက်ပွဲမှာ ခရစ်ကက်ကစားသမားဟောင်း အီမရန်ခန်း ဦးဆောင်နေ

ပါကစ္စတန်ရွေးကောက်ပွဲမှာ ခရစ်ကက်ကစားသမားဟောင်း အီမရန်ခန်း ဦးဆောင်နေ

မနေ့က ကျင်းပခဲ့တဲ့ ပါကစ္စတန် ပါလီမန်ရွေးကောက်ပွဲမှာ အစောပိုင်းမဲရေတွက်မှုတွေအရ နာမည်ကျော် ခရစ်ကက်ကစားသမားဟောင်း အီမရန်ခန်းကဦးဆောင်နေပါတယ်။ အီမရန်ခန်းရဲ့ပါတီက နေရာအများဆုံး အနိုင်ရဖွယ်ရှိနေပေမယ့် မဲသမာမှုတွေကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရွေးကောက်ပွဲ တရားဝင်ရလဒ်ကတော့ ကြေညာဖို့ နှောင့်နှေးနေပါတယ်။

ဂျပန် ရထား အဆိပ်ငွေ့တိုက်ခိုက်မှုကျုးလွန်တဲ့အဖွဲ့ထဲက နောက်ဆုံး ၆ယောက်ကို ကြိုးပေးသတ်

၁၉၉၅ခုနှစ်က လူ ၁၃ဦးသေဆုံးပြီး ထောင်နဲ့ချီ ထိခိုက်ခဲ့ရတဲ့ ဂျပန်ရထား အဆိပ်ငွေ့တိုက်ခိုက်မှုကိုကျုးလွန်ခဲ့တဲ့ အုမ်ရှင် ရီကျို ဘာသာရေးဂိုဏ်းရဲ့နောက်ဆုံးအဖွဲ့ဝင် ၆ယောက်ကို ဒီကနေ့ ကြိုးပေးသတ်လိုက်ပါပြီ။ အခုလအစောပိုင်းက အဲဒီဂိုဏ်း ကခေါင်းဆောင်အပါဝင် အဖွဲ့ဝင် ၇ ယောက်ကို ကွပ်မျက်ခဲ့ပါတယ်။