ဖားကန့်နဲ့ နမ္မတီးမှာ လမ်းပြအဖြစ်ဖမ်းဆီးခံရသူ ၇ ဦးထိရှိလာ

ဓာတ်ပုံ မူပိုင် KHON JA
Image caption ဇန်နဝါရီက တပ်မတော်က ဖမ်းဆီးခဲ့တဲ့ ကချင် ၂ ဦးရဲ့ အလောင်းတွေသာ ပြန်တွေ့ခဲ့ရ

တိုက်ပွဲတွေကြိုကြားကြိုကြားဖြစ်နေတဲ့ ကချင်ပြည်နယ်က ဖားကန့်နဲ့ နမ္မတီးဘက်မှာ အစိုးရတပ်က လမ်းပြ ပေါ်တာအဖြစ်ဖမ်းသွားတယ်လို့ ယူဆရသူ ၇ ယောက်ထိရှိသွားပြီလို့ ဖမ်းဆီးခံရသူတွေ အရေးကို လိုက်လံ ကူညီဆောင်ရွက်ပေးနေတဲ့ ဦးဆန်းအောင်မျိုးကဘီဘီစီကိုပြောပါတယ်။

ဇူလိုင် ၁၅ ရက်ကစပြီး ဖားကန့်နားက ဆိုင်းတောင်နဲ့ လဘန်ကထောင်အရပ်က ဒေသခံ ၃ယောက်ကို တပ်မ၃၃လက်အောက်ခံတပ်ရင်းကဖမ်းသွားသလို ဇူလိုင် ၁၈မှာ ၂ယောက်ထပ်ဖမ်းခံရပြီး ဇူလိုင် ၂၆မှာတော့ နမ္မတီးက ၂ယောက်ကိုဖမ်းသွားခဲ့တာဖြစ်ပြီး ဖမ်းခံရသူအားလုံးကို ရှာမတွေ့သေးပဲဖြစ်နေတယ်လို့ သိရပါ တယ်။

ဖားကန့်မှာ ဖမ်းသွားသူ ၅ယောက်ကတော့ တပ်မတော်က လမ်းပြပေါ်တာအဖြစ်ဖမ်းသွားတာကို မျက်မြင်တွေ့သူတွေ ရှိတဲ့အတွက် ပေါ်တာအဆွဲခံရတာ သေချာပြီး နမ္မတီး က ၂ယောက်ကတော့ ဘာကိစ္စအတွက် ဖမ်းသွားတယ်ဆိုတာ သေချာမသိသေးဘူးလို့ ကိုဆန်းအောင်မျိုး ကပြောပါတယ်။

ဇူလိုင် ၁၅ ရက်က ဖားကန့်ကနေဖမ်းသွားခံရတဲ့ ကိုလွမ်းထော်တို့နဲ့ပတ်သက်ပြီး ၂၇ရက်နေ့က ပြည်ဘက် ထွက်လာတဲ့စစ်ကြောင်းမှာ ပါသလိုလို ဖမ်းဆီးပြီး သူတို့နဲ့ အတူ ဓားစာခံအဖြစ် ခေါ်သလိုလို ကြားရတယ်၊ ရဲစခန်းကို အကြောင်းကြားထားပေမဲ့ ဘာမှအကြောင်းပြန်မလာဘူးလို့လည်း ကိုလွမ်းထော်ရဲ့ဖခင် ဦးဟောင်လွမ်းက ပြောပါတယ်။

ရှေ့တန်းမှာ ပေါ်တာအဖြစ်ပါသွားရင်တော့ မသေရင်ပြန်လာနိုင်မယ်မျှော်လင့်ပြီး တပ်မတော်က သတ်ဖြတ်တာ မခံရပါစေနဲ့လို့ ဆုတောင်းယုံကလွဲပြီး ဘယ်အဖွဲ့ကမှ ထိထိရောက်ရောက်မကူနိုင်ကြဘူးလို့ ဦးဟောင်လွမ်းက ပြောပါတယ်။

ဒီနှစ် နှစ်ဆန်းပိုင်းက မန်စီမြို့နယ်မှာ ဖမ်းခံရသူ ၂ယောက်လည်းခုထိစုံစမ်းမရသေးသလို ၂၀၁၇ မေလ ၂၆ ရက်က မိုင်ခေါင်စစ်ရှောင် ဒုက္ခသည်စခန်းကနေ ထင်းခွေသွားတဲ့ ဒေသခံ ၃ယောက်ကို မန်စီအခြေစိုက် ခမရ ၃၁၉ ကဖမ်းဆီးသွားပြီး သတ်လိုက်တဲ့ကိစ္စမျိုးရှိခဲ့လို့ ဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေက စိတ်ပူနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ