ထရုံလူပုတွေအကြောင်း သုတေသနပြုခဲ့သူ ဒေါက်တာ မြတူ ကွယ်လွန်

ဓာတ်ပုံ မူပိုင် Dr khin Thethta
Image caption ဒေါက်တာ မြတူနဲ့ ဇနီး ဒေါက်တာခင်သက်ထား

မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာနကို ဦးဆောင် တည်ထောင်ခဲ့သူ တယောက် ဖြစ်တဲ့ ဆေးပညာရှင် ဒေါက်တာ မြတူဟာ သြစတြေးလျနိုင်ငံမှာ ကွယ်လွန်သွားပါတယ်။

အသက် ၉၁ နှစ်မှာ ကွယ်လွန်သွားတဲ့ ပါမောက္ခ ဒေါက်တာမြတူဟာ အီဒင်ဘာရာ တက္ကသိုလ်မှာ ပါရဂူဘွဲ့ ရရှိခဲ့ပြီး ဇီဝကမ္မ ဗေဒပညာ ပါမောက္ခ အဖြစ် ထမ်းဆောင်ခဲ့ဖူးပြီး နိုင်ငံတကာထုတ် သိပ္ပံ ဂျာနယ်တွေမှာ သုတေသန ဆောင်းပါးတွေ ရေးသားခဲ့သူ ဖြစ်ပါတယ်။

ဒီထဲက မြန်မာနိုင်ငံ မြောက်ဖျားက ထရုံ လူမျိုးတွေ အကြောင်း သုတေသန စာတမ်းတွေ က ထင်ရှားပါတယ်။

သူ့ရဲ့ ဒုတိယ ဇနီး ဖြစ်သူ စာကြည့်တိုက် ပညာရှင် ဒေါက်တာ ခင်သက်ထားနဲ့ အတူ မြန်မာနိုင်ငံ ဆေးပညာရှင်များ အတ္ထုပ္ပတ္တိကိုလည်း ပြုစုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Tarons of Burma
Image caption ကချင်ပြည်နယ်ရောက် ဆေးသုတေသီတစု

ဒေါက်တာ ဦးကိုကို ကွယ်လွန်

ဒေါက်တာ မြတူရဲ့ အစ်ကို ဒေါက်တာ စိန်တူကလည်း ထင်ရှားတဲ့ စိတ္တဗေဒ ပါမောက္ခ တယောက် ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ လက်ထက်မှာ ဆေးနဲ့ သိပ္ပံ သုတေသနတွေ ထွန်းကားရေးအတွက် မြန်မာနိုင်ငံ ဆေးသုတေသနအသင်းနဲ့ ဌာနတွေကို ၁၉၆၃ က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။