သြဂုတ်လ ၇ ရက်နေ့အတွက် ဖတ်စရာ သတင်းများ

ဓာတ်ပုံ မူပိုင် AFP
Image caption အီရန်သမ္မတ

(၁) အမေရိကန်အစိုးရဟာ စီးပွားရေးပိတ်ဆို့အရေးယူမှုကို ပြန်လည်အသက်သွင်း

အမေရိကန် အစိုးရဟာ ၂၀၁၅ ခုနှစ် နိုင်ငံတကာ နျူကလီးယား သဘောတူညီမှု အပြီးရပ်ဆိုင်းထားတဲ့ အီရန်နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ပြန်လည် အသက်သွင်းလိုက်ပါတယ်။ အီရန်သမ္မတကတော့ ဒါဟာ စိတ်ဓာတ်ရေးရာအရ ထိုးစစ်ဆင်လိုက်တာ ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

(၂) တနင်္သာရီမြစ်ရေ ပြန်လည်မြင့်တက်

သြဂုတ်လ ၆ရက်နေ့ကစပြီး တနင်္သာရီမြစ်ရေ ပြန်လည်မြင့်တက်လာလို့ မြိတ်-တနင်္သာရီ -ကော့သောင်း ကားလမ်းပေါ်မှာ ဒီကနေ့ဆိုရင် ရေ ၂ ပေကျော် ရောက်နေပြီး ဆိုင်ကယ်များနဲ့ ကားများကို ဇက်နဲ့ကူးနေရပါတယ်။ မြစ်ရေဟာ တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ် ၂၂ ပေ ၆ လက်မကို ပြန်ရောက်လာပြီး အနိမ့်ပိုင်းရွာတွေကို ရေတွေပြန်ဝင်နစ်မြုပ်နေပြီလို့ မြို့ခံတွေက ပြောပါတယ်။

Image caption ရေဘေးကြောင့် သေဆုံးသူ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ပိုများပြား

(၃) မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာရေဘေးကြောင့် သေဆုံးသူ ပိုများပြား

မြန်မာနိုင်ငံတဝန်းလုံးမှာ ရေကြီးရေလွှမ်းတဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေရတာ အခုဆိုရင်တော့ သီတင်းနှစ်ပတ် ကျော်လာပါပြီ။

အခုချိန်ထိ တချို့နေရာတွေမှာ စိုးရိမ်ရေမှတ်အနားမှာ ရှိနေသေးသလို တချို့နေရာတွေမှာတော့ မိုးဆက်တိုက် ဆက်ရွာနေမယ်ဆိုရင် ထပ်ပြီး ရေကြီးမယ့် အန္တရာယ်ကို စိုးရိမ်နေရတုန်းပဲ ဖြစ်ပါတယ်။

ရေကြီးတဲ့နေရာတွေဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရေဘေးကြောင့် သေဆုံးသူ စုစုပေါင်း ၁၇ ဦးအထိ ရှိနေတယ်လို့ သြဂုတ်လ ၆ရက်နေ့ ရက်စွဲနဲ့ အစိုးရက ထုတ်ပြန်ထားပါတယ်။

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းထဲမှာတင် ကရင်ပြည်နယ်မှာ ၃ ဦး မွန်ပြည်နယ်မှာ ၅ ဦး သေဆုံးခဲ့ပါတယ်။

ဒါပေမယ်ဒေသခံတွေရဲ့ အဆိုအရ ဒီထက်မက သေဆုံးသူ ဦးရေ များပြားနိုင်တယ်လို့ သိရပါတယ်။

(၄) ကိုဖီအာနန်အကြံပြုချက် ၈၈ချက်မှာ ၈၁ချက် အကောင်ထည်ဖော်ပြီး

ကိုဖီအာနန် အကြံပြုချက် ၈၈ ချက်ထဲက ၈၁ ချက်ကို အကောင်အထည်ဖော်ပြီး ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မွတ်ဆလင်တွေ နိုင်ငံသားဖြစ်ရေးနဲ့ ပတ်သတ်လို့တော့ တလှမ်းချင်း လုပ်ရမယ့် ကိစ္စဖြစ်ပြီး ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေက တိုးတက်မှုရှိနေတယ်လို့ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ