လွန်ခဲ့တဲ့ နှစ် ၃၀ က လိုလားချက်တွေ အခုထိ မပြည့်မီသေး

Image caption ရန်ကုန်တက္ကသိုလ်ထဲ အနှစ် ၃ဝ အကြာ ၈လေးလုံးအတွက် ပွဲဆင်နွှဲနိုင်ပြီ

၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပေါင်း ၃၀ ပြည့်ခဲ့ပေမဲ့ မူလ ရည်မှန်းချက်တွေ အခုချိန်ထိ အပြည့်အဝ အကောင်ထည် မဖော်နိုင်သေးတဲ့ အတွက် ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အင်အားစုတွေ ကြားမှာ ညီညွတ်ရေး တည်ဆောက်ဖို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက တိုက်တွန်းကြ ပါတယ်။

၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က အခု အခြေအနေမှာ လွှတ်တော်တွေ ပေါ်လာပြီး လွတ်လပ်စွာ ရေးသား ပြောဆိုခွင့်တွေ အတန်အသင့် ရလာပေမယ့် ၈၈၈၈ အရေးတော်ပုံရဲ့ မူလ ရည်မှန်းချက်ကို မရောက်သေးဘူးလို့ ပြောပါတယ်။

Image caption တူသူတွေကြားမှလည်း ညီညွတ်ရေး တည်ဆောက်ဖို့လို

သဘောထားချင်း မတူညီကြတဲ့ အင်အားစုတွေ၊ အဖွဲ့အစည်းတွေ အချင်းချင်းညီညွတ်ဖို့နဲ့ လူပုဂ္ဂိုလ်ချင်း သင့်မြတ်ဖို့ ကြိုးစား နေကြသလို ကိုယ့် အင်အားစု အတွင်းမှာလည်း ညီညွတ်ကြဖို့ သူက တိုက်တွန်း ပါတယ်။

၈ လေးလုံးရဲ့ မူလ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံ ပေါ်ပေါက်ဖို့အတွက် ညီညွတ်ရေးက အရေးကြီးတယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။

လူထုအရေးတော်ပုံ ကြီး ဖြစ်ခဲ့အပြီး နှစ်ပေါင်း ၃ဝ ကြာအောင် နိုင်ငံရေး လှုပ်ရှားမှု အဆင့်ဆင့်ကို ဖြတ်ကျော်လာရင်း မြန်မာ နိုင်ငံမှာ အရပ်သား စစ်စစ် ခေါင်းဆောင်တဲ့ အစိုးရ တရပ် ပြန်လည် ပေါ်ထွက်လာခဲ့ပါတယ်။

Image caption အရက်စက်ဆုံး ဖိနှိပ်ခံခဲ့ရတဲ့ အကြောင်း အင်းစိန်ထောင်ပုံတူနဲ့ မျိုးဆက်သစ်တွေကို ရှင်းပြ

ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး နှောင့်နှေးနေတဲ့အတွက် အုပ်ချုပ်ရေးနဲ့ ဥပဒေ ပြုရေးတွေမှာ တပ်မတော်က ဆက်လက် လွှမ်းမိုးတာတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးက ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း ပြည်တွင်းစစ် ရပ်စဲရေး ဆောင်ရွက်ဖို့လို ကိစ္စတွေ ရှိနေတဲ့ အတွက် ညီညွတ်ရေး တည်ဆောက်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
woman freedom fighter

၂၀၁၈ ခုနှစ် သြဂုတ်လ ၈ ရက် နေ့ဟာ တစ်ပါတီ အာဏာရှင် စံနစ် ဖြုတ်ချရေးအတွက် တစ်နိုင်ငံလုံး ပါဝင် တောင်းဆိုခဲ့တဲ့ လူထု လှုပ်ရှားမှုကြီး စတင်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်က စတင်ခဲ့တဲ့ ၈၈၈၈ အနှစ် ၃၀ ပြည့် အခမ်းအနားကို အခုနှစ်မှာတော့ ပထဆုံး အကြိမ် ရန်ကုန် တက္ကသိုလ်ဝန်းထဲမှာ ကျင်းပနိုင်ခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ၈၈၈၈ လှုပ်ရှားမှု နှစ် ၃၀ အကြာမှာ တက္ကသိုလ်နယ်မြေထဲ ပထမဆုံး အခမ်းအနား ကျင်းပနိုင်ခဲ့

ရန်ကုန် တက္ကသိုလ်ဝင်းထဲမှာ ကျင်းပခဲ့တဲ့ ၈၈၈၈ နှစ် ၃၀ ပြည့် အခမ်းအနားကို ၈ လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့သူတွေ၊ အခုခေတ် ကျောင်းသားလူငယ်တွေတက်ရောက်ခဲ့ပါတယ်။

အစိုးရ ဘက်ကတော့ ဝန်ကြီး ဦးဖေမြင့်၊ ရန်ကုန်တိုင်း ဒေသကြီးကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို ဖိတ်ကြားခဲ့ပေမဲ့ တက်ရောက်တာ မတွေ့ရပါဘူး။