ရဲတပ်ဖွဲ့မှာ အဆင့်မြင့်ရာထူးတွေ အပြောင်းအလဲလုပ်

ဓာတ်ပုံ မူပိုင် Yangon Police Facebook
Image caption ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် (ရှေ့ဆုံး) လိုက်လံ စစ်ဆေးနေစဉ်

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး အပါအဝင် ရဲအရာရှိ တချို့ ကို ပြောင်းလဲခန့် အပ်လိုက်ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး ဖြစ်လာသူကတော့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ဖြစ်ပါတယ်။

သူဟာ နဂိုကတည်းက ဒုရဲအုပ်ကနေ အဆင့်ဆင့် တက်လာသူ ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ အရင်က တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း ၊ ဒါကြောင့် မူးယစ် နှိမ်နင်းရေး အကြောင်း ပိုင်ပိုင်နိုင်နိုင် သိသူ တယောက် ဖြစ်တယ်လို့ အမည်မဖော်လို့သူ ရဲမှူးကြီးတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

တပ်ဖွဲ့မှူး ဖြစ်လာတဲ့ ရဲမှူးချုပ်ဝင်းနိုင်ဟာ ဒုရဲအုပ်လောင်း သင်တန်းအမှတ်စဉ် ၁၆/၈၆ သင်တန်းဆင်း ရဲအရာရှိတစ် ယောက်ဖြစ်ပြီးလက်ရှိ ဒုတိယရဲချုပ် ဦးအောင်နိုင်သူနဲ့ တပတ်စဉ်ထဲဆင်း ဖြစ်ပါတယ်။

ရဲမှူးချုပ်ဝင်းနိုင်အနေနဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းရေး ရဲတပ်ဖွဲ့မှူး ဖြစ်လာမယ့် စက်တင်ဘာလဆန်းကျမှ စ တာဝန် ယူမှာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်တိုင်းဒေသကြီးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မူးယစ်နှိမ်နှင်းရေး တပ်ဖွဲ့ အရာရှိ တော်တော်များများ ကိုလည်း အပြောင်းအလဲလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Yangon Police Facebook
Image caption ရဲလုပ်ငန်းစနစ်(Community Based Policing)ကို လိုက်လံ စစ်ဆေးနေသည့် ရဲမှူးချုပ် ဝင်းနိုင်(ဒုယာစွန်)

လစ်လပ်သွားတဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး နေရာကိုတော့ လက်ရှိ ရဲအရာရှိ လေ့ကျင့်ရေး ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူထားတဲ့ ယာယီရဲမှူးချုပ် ဦးမျိုးမင်းထိုက်က တာဝန်ယူမှာဖြစ်ပါတယ်။

ရဲမှူးချုပ် ဦးမျိုးမင်းထိုက်ဟာ ရဲသတင်းတပ်ဖွဲ့ Special Branch ပြည်ပရေးရာ ဌာနခွဲမှူး တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ပဲခူးတိုင်းရဲတပ်ဖွဲမှူး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီကနေ ရဲအရာရှိ လေ့ကျင့်ရေး ကျောင်းအုပ်ကြီးဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး အဖြစ် ရာထူးတိုးမြင့်ပေးလိုက်တာ ဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့် တာဝန်ယူပြီးတဲ့နောက်ပိုင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ဖမ်းဆီးနိုင်ဖို့ အတွက် မူးယစ်ဆေးဝါး အထူး တိုင်ကြားရေးဌာနကို ဖွင့်လှစ် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တိုင်ကြားမှုတွေရှိလာပြီး ဖမ်းဆီးရမှုတွေ ရှိလာ ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲဝင် အရာရှိ တော်တော်များများကိုလဲ အပြောင်းအလဲ ပြုလုပ်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ