သမ္မတဟောင်းနဲ့ ဝန်ကြီးဟောင်းတွေ လုပ်ကိုင်နေတဲ့ သရက်ဇုန် မြေနေရာ ပြန်စစ်ဆေးမယ်

လယ်ယာမြေ

နေပြည်တော်ကနေ ၁၀ မိုင်လောက် အကွာ မိုင်တိုင် ၂၁၁ ဝန်းကျင်မှာရှိတဲ့ သရက်ဇုန် စီမံကိန်း နေရာကို ပြန်လည် စိစစ်ဖို့ စတင်လုပ်ဆောင်နေပါတယ်။

ဧက ၉၀ဝ ကျော်ရှိတဲ့ သရက်ဇုန်ဟာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဝန်ကြီးဟောင်းတွေ လုပ်ကိုင် နေတာလို့ လယ်ယာမြေနဲ့ အခြားမြေများ ပြန်လည်စိစစ်ရေး ကော်မတီကို တောင်သူ ၃ ဦးက တိုင်ကြား လာတာ ကြောင့် စစ်ဆေးဖို့ လုပ်ဆောင်နေတာလို့ စစ်ဆေးဖို့ စတင်လုပ်ဆောင်နေတဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

လုပ်ငန်းရှင် ၁၆ ဦး သရက်ဇုန် လုပ်ပိုင်ခွင့် ရယူထားတဲ့ နေရာဟာ တောင်သူ ၁၉၆ ဦးပိုင်ဆိုင်တဲ့ လယ်ဧက ၉၀၉ ဧက ပါဝင်နေ တာကြောင့် နစ်နာတယ်လို့ တောင်သူတွေ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် နေပြည်တော် လယ်ယာမြေစိစစ်ရေးအဖွဲ့က စစ်ဆေးမယ်လို့ အစည်းအဝေးမှာ ဆုံးဖြတ်ပြီး စစ်ဆေးခဲ့တာလို့ ဆိုပါ တယ်။

တောင်သူတွေရဲ့ တိုင်ကြားစာအရ လုပ်ငန်းရှင် ၁၆ ဦးထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်၊ ဝန်ကြီးဟောင်း ဦးကျော်ဆန်း စတဲ့ အရင် အစိုးရက တာဝန်ရှိသူတွေ ပါဝင်နေတယ်လို့လည်း သိရပါတယ်။

အရင်အစိုးရဟောင်းမှာ ထိပ်တန်းတာဝန်ယူထားတဲ့သူတွေ ပါဝင်နေပေမယ့် လယ်ယာမြေ စိစစ်ရေး ကော်မတီအနေနဲ့ လုပ်ထုံး လုပ်နည်းအတိုင်း စုံစမ်း စစ်ဆေးသွားမှာလို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။

အသံဖိုင် ပုံစာ,

သိမ်းဆည်းလယ်ယာမြေ ဘာကြောင့် ပြန်မရသလဲ - မြန်မာ့အရေး ကမ္ဘာ့အရေး

တောင်သူအရေအတွက်နဲ့ လယ်ယာမြေ ဧက အရေအတွက် ကွာဟနိုင်ပေမယ့် ဒီမြေနေရာတွေဟာ တောင်သူတွေ မျိုးရိုးစဉ်ဆက် အလိုက် ဓားမဦးချလုပ်ကိုင်လာတာ သေချာတယ်လို့ သူက ဆိုပါတယ်။

နေပြည်တော် အနီးတဝိုက်မှာ သရက်ဇုန် ၁ နဲ့ ၂ နှစ်ခု ရှိနေပြီး သရက်ဇုန် ၁ ဆိုရင် ဧက ၄၂၀ဝ ကျော်ရှိသလို လုပ်ငန်းရှင် ၈၈ ဦး အထိ လုပ်ကိုင်နေပါတယ်။

၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ ခုနှစ် အပိုင်းအခြားတွေမှာ သရက်သီး စိုက်ပျိုးဖို့အတွက် သစ်တောမြေ အမျိုး အစားကနေ ပယ်ဖျက်ပေး လိုက်တယ်လို့ ဆိုပါတယ်။