ရခိုင်ပြည်နယ် မောင်တောမှာ ဒုက္ခသည်တွေ ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီ

လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်း

ဓာတ်ပုံ ရင်းမြစ်, Nay Lin / BBC Burmese

ဓာတ်ပုံ ပုံစာ,

လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်း

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နားက လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းမှာ ဒုက္ခသည် သုံးသောင်းကျော် ပြန်လက်ခံဖို့အဆင်သင့်ဖြစ်နေပြီးလို့ မြန်မာအာဏာပိုင်က ပြောပါတယ်။

မောင်တောမြို့နဲ့ ၅ မိုင်ခွဲဝေးတဲ့နေရာမှာ လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းဟာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ပြန်လာမယ့်ဒုက္ခသည် သုံးသောင်းကျော်ကို တပြိုင်တည်းပြန်လက်ခံနိုင်ပြီဖြစ်တယ်လို့ လည်း ဆိုပါတယ်။

လှဖိုးခေါင်စခန်းမှာ ဒုက္ခသည်တွေပြန်လာဖို့ လူနေအိမ်တွေကို ဒီနှစ် အစောပိုင်းကစပြီး ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ လူတွေနေထိုင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ ဒေသခံအာဏာပိုင်တွေက မောင်တောမြို့နယ်မှာ သွားရောက် သတင်းယူနေတဲ့ သတင်းထောက် တွေကို ပြောပါတယ်။

လက်ရှိမှာတော့ ဒီစခန်းမှာ ဒုက္ခသည် ၁၅၈ ယောက် ပြန်လည်နေရာချထားပေးပြီးဖြစ်တယ်လို့ စခန်းတာဝန်ခံ ဦးစိုးအောင်က ဆိုပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း က မွတ်ဆလင်ဒုက္ခသည် ၇ သိန်းကျော်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ပါတယ်။ သူတို့တွေကို ပြန်လက်ခံဖို့ မြန်မာအစိုးရကပြင်ဆင်နေပေမယ့် စိစစ်ရေးမှာ ကြန့်ကြာနေလို့ အခုချိန် ထိ မိသားစုအလိုက် ပြန်မလာနိုင်ကြသေးပါဘူး။

ဗီဒီယို ပုံစာ,

ရိုဟင်ဂျာ မိန်းကလေးတွေ လူကုန်ကူးခံနေရ

ဓာတ်ပုံ ရင်းမြစ်, CHANDAN KHANNA / Getty Images

ဓာတ်ပုံ ပုံစာ,

မွတ်ဆလင်ဒုက္ခသည် ၇ သိန်းကျော်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး