သြဂုတ် ၂၈ရက် မနက်ပိုင်းသိထားသင့်တဲ့သတင်းများ

ကရင်ရိုးရာလက်ချည်ပွဲနဲ့ ပတ် သက်ပြီးဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား

ဓာတ်ပုံ ရင်းမြစ်, YANGON REGION GOVERNMENT

ဓာတ်ပုံ ပုံစာ,

ကရင်ရိုးရာလက်ချည်ပွဲနဲ့ ပတ် သက်ပြီးဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား

၁။ ရန်ကုန်မှာကျင်းပတဲ့ ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲတော် အတိုင်ပင်ခံပုဂ္ဂိုလ်တက်

ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမမှာ ဒီကနေ့ (သြဂုတ် ၂၈ ရက်) က ပြုလုပ်တဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့ပွဲတော် ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်တွေပါတက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကရင်ရိုးရာလက်ချည်ပွဲနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။

ဓာတ်ပုံ ပုံစာ,

လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ်များ

၂။ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်ပြီး ပါတီထောင်မယ်

စစ်ဗိုလ်ချုပ်ဟောင်းတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီ တခု တည်ထောင်ခွင့်ကို အခုရက်ပိုင်းအတွင်းက ရွေးကောက်ပွဲကော်မရှင်ကိုလာရောက်လျှောက်ထားခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကနေ သိရပါတယ်။

အမျိုးသားနိုင်ငံရေးပါတီလို့ အမည်ပေးထားတဲ့ အဲဒီပါတီမှာ အရင်အစိုးရလက်ထက်က သမ္မတရုံးဝန်ကြီး အဖြစ်တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်(ငြိမ်း) ဦးစိုးမောင်နဲ့ စာရင်းစစ်ချုပ်ဟောင်း ဗိုလ်ချုပ်( ငြိမ်း) ဦးလွန်းမောင်တို့ အပြင် အခြားဗိုလ်ချုပ်ဟောင်းတွေပါဝင်တယ်လို့ သိရပါတယ်။

၃။ တောင်ကြီးမှာလုပ်မယ့် ရှမ်းအဖွဲ့စုံအစည်းအဝေးခွင့်ပြုချက်မရ

လာမယ့် စက်တင်ဘာလဆန်းအတွင်း တောင်ကြီးမြို့မှာ ပြုလုပ်သွားမယ့် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) အစည်းအဝေးကျင်းပဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို ခွင့်ပြုချက်တောင်းခံခဲ့ရာမှာ ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

CSSU ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် ရှမ်းလက်နက်ကိုင်အဖွဲ့တွေ၊ပါတီတွေ၊ လူမှုအဖွဲ့အစည်းစုံနဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။

၄။ ရန်ကုန်တက္ကသိုလ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားတွေတွေ့မယ်

ဒီကနေ့ နေ့လယ် ၂နာရီ ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက တက္ကသိုလ်၊ ကောလိပ်တွေက ကိုယ်စားပြုလူငယ်တွေ တွေ့ဆုံပြီး ရသ စာပေဆွေးနွေးပွဲကို ကျင်းပသွားဖို့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

မယ်လ်ကွန်တန်းဘူးလ်ပါလီမန်ကနေ သောကြာနေ့မှာ ထွက်ခွာမယ်

၅။ သြစတြေးလျဝန်ကြီးချုပ် ရာထူးကနှုတ်ထွက်

ဝန်ကြီးချုပ်ဟောင်း မယ်လကွမ်တန်းဘူးလ်ဟာ ဝန်ကြီးချုပ်အဖြစ်ထုတ်ပယ်ခံရပြီး တဲ့နောက်မှာ သြစတြေးလျ ပါလီမန်ကနေ သောကြာနေ့မှာ ထွက်သွားတော့မယ်လို့ ပြောဆိုလိုက်ပါတယ်။

အစိုးရကို အကြီးအကျယ်အထိနာစေခဲ့တဲ့ နေရာလုပွဲပြဿနာကို အဆုံးသတ်ဖြေရှင်းဖို့ မစ္စတာ တန်းဘူးလ် နေရာမှာ စကော့မော်ရစ်ဆင်က ပြီးခဲ့တ့ အပတ်က အစားထိုးဝင်ရောက်ခဲ့ပါတယ်။