ဗန်းမော်ရေကြီး လယ်ဧက သောင်းချီရေမြုပ်

Image caption ပျက်စီး ဆုံးရှုံးမှုတွေ အတွက် တွက်ချက်လို့ မရသေး

ကချင်ပြည်နယ်မှာ မိုးများလို့ မိုးမောက် ကနေစပြီး ဗန်းမော်ထိ လယ်မြေဧက သောင်းချီ ရေနစ်မြုပ်နေပါတယ်။

ဗန်းမော်နဲ့ မံစီကားလမ်း ဗန်းမော် ဘက်ခြမ်းမှာ နမ့်ကျလီ ချောင်းရေကြောင့် ကြာသပတေးနေ့ နေ့လည် ပိုင်းက ငါးမိုင်တံတား ချဉ်းကပ်လမ်း ပေ ၅၀ ကျော် ရေစားပြီး ပြိုသွားတဲ့ အတွက် ကားလမ်း ပြတ်တောက် သွားပြီး၊ မန္တလေး ကနေ ဗန်းမော် ဘက်ကို လာတဲ့ ကားတွေ ဆက်သွား မရပဲ ပိတ်မိနေ ပါတယ်။

လူတွေ ကိုတော့ စက်လှေတွေနဲ့ ကမ်းဘက်ကို ကယ်ထုတ်ပေး နေရတယ်လို့ ဗန်းမော် မဲဆန္ဒနယ် အမှတ်၁ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း က ပြောပါတယ်။

သောကြာနေ့ မနက်မှာတော့ ကားတွေ တစီးချင်း သွားနိုင်အောင် ဆောက်လုပ်ရေး ဝန်ကြီး ဌာနက အားချင်း ဗေလီ တံတား ထိုးဖို့ ဆောင်ရွက်နေ တယ်လို့ လည်း ဦးဇော်သင်းက ပြောပါတယ်။

လောလောဆယ် ဘယ်လောက် အထိ ပျက်စီး ဆုံးရှုံးမှုတွေ ရှိလဲ ဆိုတာ ကတော့ တွက်ချက်လို့ မရသေးဘူးလို့လည်း ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ