စက်တင်ဘာ ၃ ရက် တနင်္လာညချမ်း သိထားသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုက်တာ သတင်းထောက် တွေ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ

ရခိုင်အရေး သတင်းရေးသား တင်ပြဖို့ အချက်အလက် စုဆောင်း နေစဉ်မှာပဲ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲ ခံခဲ့ရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မြောက်ပိုင်း ခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက် ပါတယ်။

တရားရုံး ဆုံးဖြတ်ချက် ထွက်လာ အပြီးမှာ သတင်းထောက် ကိုဝလုံးက သူတို့ အမှား မလုပ်ခဲ့တဲ့ အတွက် ဘာကိုမှ ကြောက်စရာမလိုဘူး အကောင်းဆုံး ဆက်လက် ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

ရိုက်တာ သတင်းဌာနရဲ့ အယ်ဒီတာချုပ် Stephen Adle က တော့ ထောင်ဒဏ် ချမှတ် လိုက်တဲ့ အတွက် မြန်မာ အတွက်ရော၊ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး အတွက်သာမက သတင်းသမားတိုင်း အတွက် ဝမ်းနည်းစရာ နေ့တစ်နေ့ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ကို ပြစ်ဒဏ် ချမှတ်ခြင်းဟာ မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ တရား ဥပဒေစိုးမိုးရေးကို အကြီးအကျယ် ထိခိုက်သွားစေတယ်လို့ ပြင်သစ်နိုင်ငံနဲ့ အမေရိကန် တို့က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အာဖရိက ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နောက်ထပ် ဒေါ်လာ ၆၀ ဘီလျံ ကူညီခထောက်ပံ့မယ်လို့ ကမ်းလှမ်း

တရုတ် သမ္မတ Xi Jinping က အာဖရိက ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နောက်ထပ် ဒေါ်လာ ၆၀ ဘီလျံ ကူညီခထောက်ပံ့မယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။

ဘေဂျင်း မြျု့တော်မှာ ကျင်းပတဲ့ တရုတ်နဲ့ အာဖရိက ထိပ်သီးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောသွားခဲ့တာပါ။

တရုတ်ရဲ့ စီမံ ကိန်းတွေ အတွက် နိုင်ငံရေးအရ နှောင်ကြိုးတွေ ဘာမှ မပါဘူး၊ နှစ်ဦးနှစ်ဘက် အကျိုးအတွက်သာ ဖြစ်တယ်လို့လည်း သမ္မတ Xi Jinping က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ကျားမ တန်းတူညီမျှရေးကို ထိခိုက်စေ

ထိုင်းနိုင်ငံက ထိပ်တန်းရဲသင်တန်းကျောင်းက လာမယ့်နှစ် က စတင်ပြီး အမျိုးသမီး သင်တန်းသားတွေကို လက်မခံတော့ဘူးလို့ ပြောပါတယ်။

ဒီကြောညာချက်ဟာ ကျားမ တန်းတူညီမျှရေးကို ထိခိုက်စေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

အမျိုးသမီးတွေ အပေါ် ကျူးလွန်တဲ့ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတို့ကို စုံစမ်း စစ်ဆေးရာမှာ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

The Royal Police Cadet Academy ကို လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ထည်ထောင်ခဲ့တာ ဖြစ်ပြီး အမျိုးသမီး သင်တန်းသားတွေကို ၁၀ နှစ်လောက်သာ လက်ခံခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဘရာဇီး အမျိုးသား ပြတိုက် မီးလောင်

လက်တင်အမေရိကမှာ အကြီးဆုံးနဲ့ အရေးအကြီး တစ်ခုဖြစ်တဲ့ ဘရာဇီးနိုင်ငံ Rio de Janeiro မြို့တော်က အမျိုးသား ပြတိုက်ကြီး မီးလောင်ခဲ့လို့ အဆောက်အဦ တစ်ခုလုံး နီးပါး ပျက်စီး သွားခဲ့ပါတယ်။

ဘရာဇီး သမ္မတ မီရှ်လ် တဲမယ်လ် Michel Temer က နှစ်ပေါင်း ၂၀၀ လောက် လေ့လာ သုတေသနပြုလုပ်ပြီး ဗဟုသုတ ရှာဖွေထားတာတွေတဲ့ လုပ်ငန်းတွေဝမ်းနည်းဖွယ်ရာ ဆုံးရှုံး သွားခဲ့ရတယ်လို့ ပြောပါတယ်။

ဘရာဇီး တော်ဝင်မိသားစုရဲ့ နန်းတော် ဟောင်း ဖြစ်ခဲ့တဲ့ အမျိုးသား ပြတိုက်မှာ အမေရိကတိုက်မှာ တွေ့ရှိခဲ့တဲ့ ရှေးအကျဆုံး လူ့ ရုပ်ကြွင်းတွေ အပါအဝင် လူရှေးဟောင်း ပစ္စည်း သန်း၂၀ ကျော်ထားရှိခဲ့ပါတယ်။

ရေအလုံအလောက်မရှိတဲ့ အတွက် မီးလောင်ခဲ့ချိန်မှာ မီးသတ်သမားတွေ ခက်ခက်ခဲခဲ ကြိုးစား မီးငြှိမ်းသတ်ခဲ့ရတယ်လို့ Rio de Janeiro မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ ပြတိုက်ကြီးကို ဂရုတစိုက် မရှိဘူးဆိုပြီး ဝေဖန်ပြောဆိုမှုတွေက အချိန်အတန်ကြာ ရှိနေခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လိင်တူချင်း ဆက်ဆံတဲ့ အမျိုးသမီး နှစ်ယောက်ကို အစ္စလာမ် ဘာသာဆိုင်ရာ ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကြိမ်ဒဏ် ၆ ချက်စီ ပြစ်ဒဏ်ပေး

မလေးရှားနိုင်ငံမှာ လိင်တူချင်း ဆက်ဆံတဲ့ အမျိုးသမီး နှစ်ယောက်ကို အစ္စလာမ် ဘာသာဆိုင်ရာ ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကြိမ်ဒဏ် ၆ ချက်စီ ပြစ်ဒဏ်ပေးလိုက်ပါတယ်။

အသက် ၂၂ နှစ်နဲ့ ၃၂ နှစ် အရွယ် အမျိုးသမီး နှစ်ယောက်ဟာ နိုင်ငံမြောက်ပိုင်း Terengganu ပြည်နယ် မှာ ကားထဲမှာ အတူရှိနေတဲ့ အချိန်က ဖမ်းဆီးခံခဲ့ တာ ဖြစ်ပါတယ်။

အခု ပြစ်ဒဏ် စီရင်ချက်ကို ဒေသန္တရ တရားရုံးချုပ်မှာ တံခါးပိတ် ဆု့းဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ရက်စက်ပြီး တရားမျှတမျု မရှိဘူးလို့ ပြောပါတယ်။