ကိုဝလုံး အမျိုးသမီး မပန်းအိမွန် နဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှု

ကိုဝလုံး အမျိုးသမီး မပန်းအိမွန် နဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှု

တရားရုံးရဲ့အမိန့်ကြောင့် တုန်လှုပ်ခဲ့ရတယ်လို့ ဘီဘီစီမြန်မာပိုင်းနဲ့ သီးသန့်တွေ့ ဆုံမေးမြန်းခန်းမှာ ရိုက်တာသတင်းထောက် ကိုဝလုံးရဲ့ အမျိုးသမီး မပန်းအိမွန်က ပြောပါတယ်။

တလတောင် မပြည့်သေးတဲ့ သမီးလေးကို ဖခင် မလွတ်မြောက်လာခင်မှာ တစ်ယောက်တည်း ပြုစုပျိုးထောင်ရမှာကို တွေးပြီး အားတင်း ထားရတယ်၊ စိတ်ဓာတ်ခိုင်မာအောင် ဟန်ဆောင်နေရတယ်လို့ မပန်းအိမွန် က ပြောပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူးလို့ လည်း ပြောပါတယ်။