ဂျပန် အားပြင်းငလျင်ကြောင့် လူ ၂ ဦး သေဆုံး၊ ၄၀ ခန့် ပျောက်ဆုံးနေ

ဓာတ်ပုံ မူပိုင် Alamy
Image caption ၆.၇ မဂ္ဂနီကျူ အဆင့်ရှိတဲ့ အားပြင်း ငလျင် လှုပ်ခတ်

ဂျပန်နိုင်ငံ မြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းမှာ အင်အား ၆.၇ မဂ္ဂနီကျူ အဆင့်ရှိတဲ့ အားပြင်း ငလျင် လှုပ်ခတ်ခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့သလို လူ ၄၀ လောက်လည်း ပျောက်ဆုံးနေတယ်လို့ ဂျပန် NHK သတင်းဌာနက ထုတ်ပြန်ပါတယ်။

ငလျင်ဟာ ဟိုကိုင်းဒိုး ကျွန်းရဲ့ အရှေ့တောင်ဖက် မှာရှိတဲ့ မြို့တော် ဆပ်ပိုရို မြို့ ရဲ့ ကီလီမီတာ ၆၀ ကျော် အကွာ (၃၉ မိုင်) ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် KYODO/VIA REUTERS
Image caption ၆.၇ မဂ္ဂနီကျူ အဆင့်ရှိတဲ့ အားပြင်း ငလျင် လှုပ်ခတ်

ငလျင်ကြောင့် မြေပြိုမှုတွေ ဖြစ်ခဲ့ပြီး အိမ်ခြေအများအပြားလည်း ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် လျှပ်စစ်မီး ဖြန့်ဝေနေတဲ့ ဓာတ်အားပေး စက်ရုံတွေ ပိတ်ခဲ့ရပြီး လူ ၃ သန်း လောက် ဟာ လည်း ဓာတ်အား ပြတ်တောက်မှု ကြုံခဲ့ရပါတယ်။

အခု ငလျင်လှုပ်တာဟာ ဆူနာမီ အန္တရာယ်တော့ မရှိဘူးလို့ ဂျပန် မိုးလေဝသ အေဂျင်စီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Alamy
Image caption ဂျပန် ငလျင်

ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကတော့ ပျောက်ဆုံးနေသူတွေကို ရှာဖွေမှုတွေ နဲ့ ကူညီကယ်ဆယ်မှုတွေ ကို ငလျင်ဒဏ်သင့် မြို့တွေမှာ အရေးပေါ် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဂျပန်နိုင်ငံဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့တုန်းကလည်း နှစ်ပေါင်း ၂၅ အတွင်း အဆိုးရွားဆုံး တိုင်ဖွန်းမုန်တိုင်းဒဏ် ခံခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မုန်တိုင်းဒဏ်လည်း ကြုံခဲ့ရ

မုန်တိုင်းဒဏ်ကို နိုင်ငံ အနောက်မြောက်ပိုင်းက အိုဆာကာ နဲ့ တိုကျိုမြို့တွေမှာ မုန်တိုင်းဒဏ် အဓိက ခံစားရပြီး အဆောက်အဦတွေ ပြိုကျခဲ့သလို လူတွေ သန်းနဲ့ ချီပြီးလည်း လျှပ်စစ်မီး ပြတ်တောက်တာ ကြုံခဲ့ရပါတယ်။

မုန်တိုင်းကြောင့် လူ ၁၀ ဦး လည်း သေဆုံးခဲ့ ရပါတယ်။

ဒါ့အပြင် အိုဆာကာ က ကျွန်းပေါ်တည်ဆောက်ထားတဲ့ ကန်းဆိုင် လေဆိပ်မှာလည်း ပျက်စီးမှုတွေ ရှိခဲ့လို့ ခရီးသည်တွေကို ကယ်ဆယ်မှုတွေ လုပ်ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် EPA/IJI PRESS
Image caption အားပြင်း ငလျင်ဟာ ဂျပန် မြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်း အနီး ဗဟိုပြုလှုပ်ခတ်ခဲ့

အခု ငလျင်လှုပ်ခတ်အပြီးမှာလည်း နောက်ဆက်တွဲ ငလျင်ငယ်လေးတွေ ထပ်ဖြစ်နိုင်တာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ ရွေ့ပြောင်းဖို့ အာဏာပိုင်တွေက သတိပေးနေပါတယ်။

ဆက်စပ် အကြောင်းအရာများ